အူဘာမီယန်း-ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှား

ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှားဖြစ်တယ်လို့ အူဘာမီယန်းဝန်ခံ

အာဆင်နယ်တိုက်စစ်မှူးဟောင်း ပီယဲ-အမ်မရစ်အူဘာမီယန်းက ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှားဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ကစားသမားတွေအမြန်ဆုံးပြန်လာဖို့လိုအပ်-အာတီတာ

ကစားသမားတွေ အမြန်ဆုံးပြန်လာဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်တဲ့ အာတီတာ

အဝေးကွင်းသရေပွဲစဉ်အပြီး ကစားသမားတွေ အမြန်ဆုံးပြန်လာဖို့လိုအပ်နေပြီလို့ ပြောဆိုလိုက်တဲ့ အာတီတာ အာဆင်နယ်နည်းပြအာတီတာက ဆန်းဒါးလန်းနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့အဝေးကွင်းပွဲစဉ်အပြီး လက်ရှိကြုံတွေ့နေရတဲ့ တိုက်စစ်ပိုင်းအကျပ်အတည်းနဲ့ပတ်သက်လို့ နိုင်ငံတကာသီတင်းပတ်အပြီးမှာ သူ့ရဲ့အသင်းဆီ ကစားသမားတွေ မဖြစ်မနေပြန်လာဖို့ လိုအပ်နေပြီလို့ အလေးပေးပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါ

အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါလို့ ပြောကြားလိုက်တဲ့ ဂါနာချို

ဂါနာချို ဟာ ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ အန်ဇို ဖာနန်ဒက်ဇ် ရဲ့ အခန်းကဏ္ဍကိုလည်း ဖော်ထုတ်ပြောပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီး ချန်ပီယံလုဖို့ မစွမ်းဆောင်နိုင်တဲ့အချက်

ချဲလ်ဆီး ချန်ပီယံလုဖို့ မစွမ်းဆောင်နိုင်တဲ့အချက်က လူငယ်တွေများပြားနေလို့ဖြစ်တယ်

ပရီးမီးယားလိဂ် ရဲ့ ပွဲစဉ် ၉ မှာ ချဲလ်ဆီး ဟာ အိမ်ကွင်းတွင် ဆန်းဒါးလန်း ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲအပြီးမှာ ချဲလ်ဆီး ဂန္တဝင်ကစားသမား ဂျွန်တယ်ရီ က ဒီပွဲစဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးနည်းပြဖြစ်ချင်တဲ့ ဂျွန်တယ်ရီ

နည်းပြဖြစ်ဖို့ အခွင့်အလမ်းတွေ ဘာကြောင့် ပိုမရသလဲဆိုတာ နားလည်ရခက်ခဲတယ်လို့ ပြောကြားလိုက်တဲ့ ဂျွန်တယ်ရီ

ဂျွန်တယ်ရီက သူဟာ ဘာကြောင့် အလုပ်ကမ်းလှမ်းမှုတွေ ပိုမိုမရရှိသလဲဆိုတဲ့ အချက်အပေါ် ရှုပ်ထွေးမိကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးအသင်းကို ကိုင်တွယ်လိုတဲ့ သူ့ရဲ့ရည်မှန်းချက်ကိုလည်း လက်လျှော့လိုက်ပုံရပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်မှာ လက်စတာ စီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း အသင်းကြီးနည်းပြရာထူးတစ်ခုမှ မရရှိတော့ဘဲ ကမ်းလှမ်းမှုတွေလည်း ရောက်မလာခဲ့ပါဘူး။

အပြည့်အစုံဖတ်ရန်
ချန်ပီယံလိဂ်စံချိန် ၂ ခု ချိုးဖျက်ခဲ့တဲ့ ချဲလ်ဆီး

အေဂျက်စ်ကိုအနိုင်ရတဲ့ပွဲစဉ်မှာ ချန်ပီယံလိဂ်စံချိန် ၂ ခု ချိုးဖျက်ခဲ့တဲ့ ချဲလ်ဆီး

ကြာသပ‌တေးနေ့နံနက်က အေဂျက်စ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ လူငယ်ကစားသမားအများအပြားကိုပွဲထုတ်ခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ စံချိန် ၂ ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အေဂျက်စ်အနေနဲ့ ယခုပွဲစဉ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာလာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲအစ ၁၅ မိနစ်မှာပဲ အသင်းခေါင်းဆောင် ကန်းနက်တေလာက တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်

ချဲလ်ဆီးသို့မပြောင်းခင် ယူနိုက်တက်သို့ရောက်ရှိဖို့ ၉၀ ရာခိုင်နှုန်းအထိနီးစပ်ခဲ့တဲ့ ဒီလပ်

ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့မရောက်ခင်မှာ မန်ချက်စတာယူနိုက်တက်သို့ရောက်ရှိဖို့ ၉၀ ရာခိုင်နှုန်းအထိ နီးစပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ချဲလ်ဆီးကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဆုံးဖြတ်ချက်ပိုင်းလိုအပ်ချက်ရှိနေတယ်လို့ ဝန်ခံတဲ့ စလော့

ဆုံးဖြတ်ချက်ပိုင်းလိုအပ်ချက်ရှိနေတယ်လို့ ဝန်ခံပြောကြားလာတဲ့ စလော့

လီဗာပူးနည်းပြ စလော့က မိမိတို့အသင်းဟာ ကပ်ပြီးအရေးနိမ့်ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး အသင်းအနေနဲ့ ဆုံးဖြတ်ချက်အပိုင်းမှာ တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ရှုံးနိမ့်ခဲ့တာကတော့ ကျေနပ်စရာမဟုတ်ဘူးလို့ ဆိုလာတဲ့မော်ရင်ဟို

ချဲလ်ဆီးပရိသတ်တွေရဲ့ကြိုဆိုမှုကို ကျေးဇူးတင်ပေမဲ့ ရှုံးနိမ့်ခဲ့တာကတော့ ကျေနပ်စရာမဟုတ်ဘူးလို့ ဆိုလာတဲ့မော်ရင်ဟို

ဗုဒ္ဓဟူးနေ့နံနက်က စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ဘင်ဖီကာနည်းပြ ဟိုဆေးမော်ရင်ဟိုက ချဲလ်ဆီးပရိသတ်တွေရဲ့ကြိုဆိုမှုကို ကျေးဇူးတင်ပေမဲ့ ရှုံးနိမ့်မှုကတော့ သူ့အတွက်ကျေနပ်စရာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးဆီ သတိပေးစကားဆိုလာတဲ့ မော်ရင်ဟို

ချန်ပီယံလိဂ်ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် ချဲလ်ဆီးဆီ သတိပေးစကားဆိုလာတဲ့ မော်ရင်ဟို

စတမ်းဖို့ဒ်ဘရစ်ချ်ဆီ စိတ်လှုပ်ရှားဖွယ်ပြန်လာပြီး နိုင်ပွဲအတွက် ဘင်ဖီကာကို ဦးဆောင်ပေးရချိန် ဝမ်းနည်းလွမ်းဆွတ်နေတဲ့ခံစားချက်မျိုးရှိနေမှာ မဟုတ်ဘူးလို့ပြောဆိုရင်း ဟိုဆေးမော်ရင်ဟိုက ချဲလ်ဆီးဆီ သတိပေးလာခဲ့ပါတယ်။ အင်္ဂါနေ့ညနေခင်းမှာပဲ စပါယ်ရှယ်ဝမ်းက ပေါ်တူဂီဘီလူးကြီးနဲ့အတူ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အန်ဇိုမာရက်စ်ကာရဲ့အသင်းကို ရင်ဆိုင်ဖို့ အတိတ်ကာလအောင်မြင်ခဲ့တဲ့အရပ်ဆီ ခြေချလာပါလိမ့်မယ်။

အပြည့်အစုံဖတ်ရန်