
ဂါနာချိုကို ရောင်းထုတ်ရန် ကြိုးပမ်းပါက ရူးသွပ်ရာရောက်မယ်လို့ သတိပေးလိုက်တဲ့ ဒွိုက်ယော့ခ်
ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်း ဒွိုက်ယော့ခ်က ယခုနွေရာသီတွင် အလီဂျန်ဒရို ဂါနာချိုကို ရောင်းချခြင်း မပြုရန် အသင်းအား အကြံပေးခဲ့ပါတယ်။ ဂါနာချိုဟာ ရူဘင် အမ်မိုရင် လက်အောက်တွင် မျက်နှာသာ မရရှိတော့ဘဲ ယခုနွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာရန် သတင်းများထွက်ပေါ်နေပါတယ်။