
T-ara ရဲ့အဖွဲ့ဝင်ဟောင်း ဂျီယွန်း ခင်ပွန်းနဲ့ ကွာရှင်းပြတ်စဲ
အောက်တိုဘာ ၅ ရက်က KST မီဒီယာရဲ့ဖော်ပြချက်အရ တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့၊ T-ara ရဲ့ အဖွဲ့ဝင်ဟောင်း၊ အဆိုတော်၊ မင်းသမီး ဂျီယွန်း(၃၁)နှစ်နဲ့ ခင်ပွန်းဖြစ်သူ ဘေ့စ်ဘောကစားသမား ဟွမ်ဂျေဂျွန် (၃၇) နှစ်တို့ဟာ ကွာရှင်းပြတ်စဲဖို့ လျှောက်ထားကြတယ်လို့ သိရပါတယ်။