မန်ယူနည်းပြ ရူဘင်အာမိုရင်

အသင်းအတွက် အပြည့်အဝမပေးဆပ်တဲ့ကစားသမားတွေကို ဖော်ထုတ်ဖို့ နည်းပညာသစ်တစ်ခု စတင်အသုံးပြု

မန်ချက်စတာယူနိုက်တက်ဟာ အသင်းအတွက် အပြည့်အဝပေးဆပ်ခြင်းမရှိဘဲ ခိုကပ်နေတဲ့ကစားသမားတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ ကစားသမားတွေကို ဒဏ်ရာပြဿနာမှကာကွယ်ပေးနိုင်ဖို့ နည်းပညာသစ်တစ်ခုကို စတင်အသုံးပြုတော့မယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျေဒန် ဆန်ချို

ဆန်ချိုကိုခေါ်ယူဖို့ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကမှ ခေါ်ယူထားတဲ့ တောင်ပံကစားသမားကို ရောင်းချရမဲ့ ဂျူဗင်တပ်စ်

ဂျေဒန် ဆန်ချိုရဲ့ ဂျူဗင်တပ်စ် သို့ ပြောင်းရွှေ့မှုဟာ မရေမရာ ဖြစ်နေဆဲဖြစ်ပြီး စီးရီးအေအသင်းဟာ ပြီးခဲ့တဲ့တစ်နှစ်ကမှ ရောက်ရှိလာခဲ့သော နာမည်ကြီး ကစားသမား နီကို ဂွန်ဇာလက်ဇ် ကို ရောင်းချရန် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဖာဘရီဂက်စ်

‘ကိုမို’နှင့်’အေစီမီလန်’တို့ရဲ့စီးရီးအေပွဲကို ဩစတြေးလျတွင်ကစားရန် စီစဉ်ခြင်းအပေါ် သဘောကျခြင်းမရှိနေတဲ့ ဖာဘရီဂက်စ်

ကိုမိုနည်းပြ ကက်စ် ဖာဘရီဂတ်စ်ဟာ သူ့အသင်းရဲ့ အေစီမီလန် နဲ့ကစားမဲ့ စီးရီးအေပွဲကို ဩစတြေးလျသို့ ပြောင်းရွှေ့ဖို့ စီစဉ်မှုအပေါ် သဘောကျခြင်း မရှိပါဘူး။ မကြာသေးခင်က ဖက်ဒရယ်ကောင်စီဟာ ပွဲစဉ်တစ်ခုကို ဩစတြေးလျမှာ ကစားဖို့ မီးစိမ်းပြခဲ့ပြီး အဲဒီအချိန်က ဆန်စီရိုမှာ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနား ကျင်းပနေမှာဖြစ်တဲ့အတွက် ကိုမိုနဲ့ မီလန်တို့ရဲ့ပွဲကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်ဝင်းဂါး - ဖာဘရီဂတ်စ်

ဖာဘရီဂတ်စ်ရဲ့တိုးတက်မှုကို အံ့အားသင့်မိကြောင်း အာစင်ဝင်းဂါး ဝန်ခံ

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သူ့ရဲ့တပည့်ဟောင်းတစ်ဦးဖြစ်သူ ဖာဘရီဂတ်စ်ဟာ နည်းပြဘဝမှာ လျင်လျင်မြန်မြန်တိုးတက်လာတာကြောင့် သူ့အနေနဲ့ အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ဘောလုံးကစားသမားဘဝမှ အနားယူခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၁၀ ကမ္ဘာ့ဖလားကိုလည်း စပိန်လက်ရွေးစင်အသင်းနဲ့အတူ ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် စပိန်သားဟာ ဘာစီလိုနာနဲ့အတူ လာလီဂါဆုဖလားတွေလည်း ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်