အာဆင်နယ်စတားယိုကရက်စ်

ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အာဆင်နယ်စတားယိုကရက်စ်

အာဆင်နယ်အသင်းတိုက်စစ်မှူး ယိုကရက်စ်က လန်ဒန်မြေကိုပြောင်းရွှေ့လာခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်ပြီး စပို့တင်းကို မလေးစားသလို မလုပ်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ယိုကရက်စ်ဟာ အခုနွေရာသီမှာ စပို့တင်းထံကနေ အာဆင်နယ်ထံပြောင်းရွှေ့ခွင့်ရဖို့ အတော်လေးစောင့်ဆိုင်းခဲ့ရသလို တွန်းအားပေးခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာမှာသာ ကစားလိုတဲ့ 'ရွန်းနီ ဘာဒ်ဂီ'

ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာမှာသာ ကစားလိုတဲ့ ‘ရွန်းနီ ဘာဒ်ဂီ’

ဘာစီလိုနာဟာ ၂၀၂၅-၂၆ လာလီဂါရာသီ မစတင်မီ နွေရာသီ အပြောင်းအရွှေ့ကာလကို အတော်လေးတိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ပါတယ်။ ဟန်စီ ဖလစ်ခ်ဟာ သူ့ရဲ့ ဒုတိယမြောက် နည်းပြရာထူးသက်တမ်းအတွင်း လိဂ်ဖလားအပြင် ကိုပါဒယ်ရေး နဲ့ စပိန်စူပါဖလား တို့ကို ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်။ ကာတာလိုနီးယားမှာ ငွေကြေးကိစ္စတွေ စိုးရိမ်ပူပန်စရာ ဖြစ်နေဆဲဖြစ်တာကြောင့် ဖလစ်ခ်ဟာ လာလီဂါရဲ့ ၁:၁ အပြောင်းအရွှေ့ စည်းမျဉ်းအတွင်းမှာ ရှိနေဖို့အတွက် ကစားသမားသစ် ခေါ်ယူမှုနဲ့ ရောင်းချမှုတွေကို မျှတအောင် လုပ်ဆောင်ခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျိုကာရက်စ်

ဂျိုကာရက်စ်ကို စင်္ကာပူသို့ရောက်ရှိနေတဲ့ အသင်းလူစာရင်းနဲ့ တစ်ခါတည်းပူးပေါင်းခိုင်းသွားမဲ့ အာဆင်နယ်

အာဆင်နယ်ဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆေးစစ်ပြီးတာနဲ့တစ်ပြိုင်နက် စင်္ကာပူသို့ရာသီကြိုခရီးစဉ်ထွက်ခွာသွားတဲ့ အသင်းရဲ့လူစာရင်းနဲ့ ချက်ချင်းပူးပေါင်းခိုင်းဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျိုကာရက်စ်

‘ဂျိုကာရက်စ်’ကိုခေါ်ယူနိုင်ဖို့ ပေါ်တူဂီမြေအထိ အာဆင်နယ်ကိုယ်စားလှယ်အဖွဲ့ သွားရောက်ညှိနှိုင်း

အာဆင်နယ်အသင်းရဲ့အားကစားဒါရိုက်တာ အန်ဒရီဘာတာဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကိုခေါ်ယူနိုင်ရေးအတွက် ယခုအခါမှာတော့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပေါ်တူဂီအထိ ဆွေးနွေးညှိနှိုင်းမှုတွေ သွားရောက်ပြုလုပ်နေပြီဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်