
အမ်ဘာပေကြောင့် အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်
အမ်ဘာပေဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခဲ့ပါတယ်လို့ ဆွီဒင်မီဒီယာတစ်ခု ဖော်ပြခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ တနင်္လာနေ့ညမှာ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားတဲ့ ပြင်သစ်စတားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ဗုဒ္ဓဟူးကနေ သောကြာနေ့အထိ ဆွီဒင်သို့ သူငယ်ချင်းများနှင့်အတူ လည်ပတ်ခဲ့တာဖြစ်ပြီး စီးတီးစင်တာက Bank ဟိုတယ်မှာ တည်းခိုခဲ့တာဖြစ်ပါတယ်။