
ချဲလ်ဆီးရဲ့ပေါင် ၃၇ သန်းတန် ‘ဟာတို’ကို ချီးကျူးလိုက်တဲ့ ‘အဲရစ်တန်ဟက်’
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က အေဂျက်စ်ကနေ ဟာတို ကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာတိုဟာ သောကြာနေ့ညက စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ လေဗာကူဆင်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့ပါတယ်။