
Filters သုံးထားတဲ့နှုတ်ခမ်းပုံကြောင့် ပရိသတ်တွေ စိုးရိမ်နေကြတဲ့ 2NE1 အဖွဲ့ဝင် ပက်ခ်ဘုံး
2NE1 အဖွဲ့ဝင် ပက်ခ်ဘုံးဟာ ပိန်လွန်းတဲ့ ခန္ဓာကိုယ်၊ Filters သုံးပြီး ပြုပြင်ထားတဲ့ နှုတ်ခမ်းပုံစံအသစ်နဲ့ selfie ပုံတွေကို ဇွန်လ ၂၅ ရက်က အသစ်တင်ခဲ့ပါတယ်။ ဓာတ်ပုံတွေမှာ သူမရဲ့ဖြူဝင်းတဲ့အသားအရေ၊ မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းတွေကိုမြင်တွေ့ရပြီး နေရောင်အောက်မှာ ပေါ့ပေါ့ပါးပါး ဆယ်လ်ဖီရိုက်ထားတဲ့ပုံတွေဖြစ်ပေမဲ့ ကိုယ်အလေးချိန်အလွန်ကျသွားပုံပေါ် ကာ ပုံမှန်မဟုတ်တဲ့နှုတ်ခမ်းပုံစံကြောင့် သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေ စိုးရိမ်ခဲ့ရပါတယ်။