
တက္ကသိုလ်ပညာသင်ယူရင်း ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာတဲ့ ဘော်လွန်းဒီအော်ဆုရှင်ရိုဒရီရဲ့ ဘဝခရီးလမ်း
အမှတ်ရဖွယ်တစ်နှစ်တာကာလကို ဖြတ်သန်းပြီးနောက် ဘော်လွန်းဒီအော်ဆုကို မန်စီးတီးကြယ်ပွင့်ရိုဒရီ ဆွတ်ခူးရရှိခဲ့ပါပြီ။ အသက်-၂၈ နှစ်အရွယ်စပိန်လက်ရွေးစင်က အခုနှစ်၊ ဂျာမန်မြေယူရိုချန်ပီယံခရီးစဉ်မှာ အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်စွမ်းဆောင်ခဲ့ပါတယ်။