
အာဆင်နယ်အား ကျော်လွန်ကာ ၊ ချဲလ်ဆီးတို့ စတားတစ်ဦးကို ခေါ်ယူနိုင်ခဲ့လို့ အံ့သြနေတဲ့ ပေါလ်မာဆင်
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဝုလ်ဗ် အသင်းကနေ ပေါ်တူဂီလက်ရွေးစင် တောင်ပံကစားသမား ပတ်ဒရို နက်တိုကို ယူရိုသန်း ၆၀ ၊ ၇နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ဘယ်တောင်ပံမှာ လုံးဝ အားထားမရတဲ့ ရာဟင်း စတာလင် ၊ မစ်ခ်ဟိုင်းလို မူဒရစ်တို့ကို တနည်းအားဖြင့် တပ်လှန့်လိုက်တာလည်း ဖြစ်ပါတယ်။