အလီဂျန်ဒရိုဂါနာချို

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရလို့ မကျေမနပ်ဖြစ်နေတဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုနဲ့ သူ့ရဲ့ညီဖြစ်သူဟာ ယနေ့နံနက် တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ပါဝင်ခွင့်မရဘဲ အရန်ကစားသမားအဖြစ်သာ ကစားခဲ့ရလို့ နည်းပြရူဘင်အာမိုရင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရူဘင်အာမိုရင်

ယူနိုက်တက်မှ အထုတ်ခံရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေကို အာမိုရင်ပြန်လည်တုံ့ပြန်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူရိုပါလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်ခဲ့ပါက အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေကို တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်လာခဲ့ပါတယ်။ လာမဲ့ကြာသပတေးနေ့နံနက်မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမှုကို အဆိုပါဆုဖလားနဲ့ ပြန်လည်ချေဖျက်နိုင်ဖို့ ကြိုးစားသွားရပါမယ်။

အပြည့်အစုံဖတ်ရန်