မက်ဂွါရီ

မက်ဂွါရီကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးမှုတွေစတင်လာတဲ့ မန်ချက်စတာယူနိုက်တက်

အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ မန်ချက်စတာယူနိုက်တက်က ဟယ်ရီမက်ဂွါရီနဲ့ စာချုပ်သစ်တစ်ခုချုပ်ဆိုနိုင်ဖို့ ဆွေးနွေးမှုတွေစတင်နေပြီလို့ သိရပါတယ်။ မက်ဂွါရီရဲ့စာချုပ်သက်တမ်းက အခုဘောလုံးရာသီကုန်မှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေပေမဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းဘက်ကတော့ ဟူးလ်စီးတီးနဲ့ လက်စတာခံစစ်မှူးဟောင်းကို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့အတွက် လိုလားနေပါတယ်။ အသက်-၃၂ နှစ်အရွယ်ကစားသမားက ၂၀၁၉ ခုနှစ်မှာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ဘာကြောင့် ကျရှုံးသွားခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ မက်ဂွါရီ

ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပြီး ယူနိုက်တက်ဘာကြောင့် ကျရှုံးသွားခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ မက်ဂွါရီ

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီက အသင်းဟာ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း ဘာကြောင့် အောင်မြင်မှုကို ဆက်လက်မထိန်းသိမ်းနိုင်ဘဲ ကျရှုံးသွားရသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရွိုင်ကိန်း

ချဲလ်ဆီးနဲ့ပွဲက ယူနိုက်တက်ကြယ်ပွင့် သုံးဦးကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

ယူနိုက်တက်ဟာ သောကြာညက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပရီးမီးယားလိဂ်ရာသီရဲ့ ၁၈ ကြိမ်မြောက် ရှုံးနိမ့်မှုကို ခံစားခဲ့ရပြီး လာမဲ့ရက်သတ္တပတ် တော့တင်ဟမ်နဲ့ ကစားမဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် အလွန်ညံ့ဖျင်းတဲ့ အကြိုပြင်ဆင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဂွါရီ

ကစားသမားတွေဟာ ရှုပ်ထွေးမှု အတွက် တာဝန်မယူခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ မက်ဂွါရီ

ဟယ်ရီ မက်ဂွါရီက ယူနိုက်တက်ကစားသမားတွေဟာ ဒီရာသီ အိုးလ်ထရက်ဖို့ဒ်က ရှုပ်ထွေးမှု အတွက် သူတို့ရဲ့ တာဝန်ယူရမယ်လို့ ဝန်ခံခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နိုဝင်ဘာလမှာ အဲရစ်တန်ဟက်နေရာကို ရူဘင်အမ်မိုရင် လာရောက်တာဝန်ယူချိန်မှာ သူ့ရဲ့ နည်းစနစ်နဲ့ လိုက်လျောညီထွေ မဖြစ်ခဲ့ကြလို့ပါ။

အပြည့်အစုံဖတ်ရန်