
အင်္ဂလိပ်အသင်း ၂ သင်းနဲ့တွေ့ဆုံမဲ့ ချဲလ်ဆီး နဲ့ ယူနိုက်တက်နည်းပြဟောင်း “မော်ရင်ဟို”
ဘင်ဖီကာအသင်းဟာ နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ခန့်အပ်ခဲ့ပြီး လာမဲ့လမှာ အင်္ဂလိပ်အသင်း ၂ သင်းဖြစ်တဲ့ ချဲလ်ဆီး ၊ နယူးကာဆယ်တို့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့ အစောပိုင်းမှာတင် အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။ ဘင်ဖီကာအသင်းဟာ ၂ နှစ်စာချုပ်နဲ့ မော်ရင်ဟိုကိုခန့်အပ်ခဲ့ပြီး လာဂီနေရာမှာ အစားဝင်ခဲ့တာဖြစ်ပါတယ်။