
အင်ဒိုနီးရှားမှာ iPhone 16 အပြင် Google Pixel ဖုန်းတွေပါ ပိတ်ပင်ထား
နည်းပညာကုမ္ပဏီကြီး Google ရဲ့ ရင်းနှီးမြှုပ်နှံမှုစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ ဟာ Google Pixel ဖုန်းတွေ ရောင်းချခြင်းကို ပိတ်ပင်လိုက်တယ်လို့ စက်မှုဝန်ကြီးဌာနက ပြောပါတယ်။ ဒီသတင်း ဟာ Apple ရဲ့ iPhone 16 ရောင်းချမှုကို နိုင်ငံအတွင်း ပိတ်ပင်လိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။