ရာဖင်ညာက မိုဟာမက် ဆာလာအောက် ရောက်နေလို့ ဝေဖန်လိုက်တဲ့ နေမာ

ဘော်လွန်းဒီအောရပ်တည်မှုတွင် ရာဖင်ညာက မိုဟာမက် ဆာလာအောက် ရောက်နေလို့ ဝေဖန်လိုက်တဲ့ နေမာ

ပထမဆုံးအကြိမ် ဘော်လွန်းဒီအောဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရတဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းက လာမိုင်း ယာမားလ်ကို ကျော်ဖြတ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ မယုံနိုင်စရာ ၁၂ လတာကာလ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့က ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ဂုဏ်သိက္ခာရှိတဲ့ ဘော်လွန်းဒီအောဆုကို ရရှိသွားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘောလွန်းဒီအော်ဆုကို ဒမ်ဘီလီဆွတ်ခူး

လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ယခုနှစ်ဘောလွန်းဒီအော်ဆုကို ဒမ်ဘီလီဆွတ်ခူး

ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင်တောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဘာစီလိုနာကြယ်ပွင့် လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ၂၀၂၅ ခုနှစ် ဘောလွန်းဒီအော်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဆုပေးပွဲကို တနင်္လာနေ့ညက ပဲရစ်မြို့မှာကျင်းပခဲ့တာဖြစ်ပြီး ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ပြည်တွင်းဆုဖလားအားလုံးကို ဆွတ်ခူးအောင်မြင်ခဲ့တာကြောင့် ဒီဆုနဲ့ထိုက်တန်တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဆယ်လော့တီကိုဒေါသထွက်နေတဲ့ ရာဖင်ဟာ

ဘိုလီဗီးယားနဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရလို့ အန်ဆယ်လော့တီကိုဒေါသထွက်နေတဲ့ ရာဖင်ဟာ

ဘရာဇီးလက်ရွေးစင်တောင်ပံကစားသမား ရာဖင်ဟာဟာ ဗုဒ္ဓဟူးနေ့က ဘိုလီဗီးယားကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ သူ့ကိုအသုံးပြုဖို့ဆုံးဖြတ်ခဲ့တဲ့ နည်းပြကာလိုအန်ဆယ်လော့တီကို ဒေါသထွက်နေတယ်လို့သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဖာဒီနန်

ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအတွက် ကြီးမားတဲ့တိုက်စစ်အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ဆိုလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က မကြာမီမှာပဲ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ဘာစီလိုနာသို့အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတော့မဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ရာဖင်ဟာ၊ လာမိုင်းယာမယ်လ်၊ ရောဘတ်လီဝန်ဒေါစကီးတို့နဲ့ နေရာရဖို့တိုက်ပွဲဝင်သွားရဖွယ်ရှိပေမဲ့ လာလီဂါချန်ပီယံတွေအတွက် ကြီးမားတဲ့တိုက်စစ်အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အွန်နရီ

ဒေါ့မွန်ကိုအနိုင်ရပြီးနောက် ဘာစီလိုနာရဲ့အားနည်းချက်တစ်ခုကို ထောက်ပြလိုက်တဲ့ အွန်နရီ

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ချန်ပီယံလိဂ်ချန်ပီယံဆုအတွက် ဘာစီလိုနာရဲ့အားနည်းချက်တစ်ခုကို ထောက်ပြလိုက်ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ ဘာစီလိုနာက ဒေါ့မွန်ကို ၄ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ လီဝန်ဒေါစကီး နဲ့ ယာမဲလ်တို့က မသွင်းယူခင်မှာ ရာဖင်ဟာက ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်