
ချဲလ်ဆီးရဲ့ မလေးမစား ဆက်ဆံခြင်းခံခဲ့ရတဲ့ စတားတစ်ဦးကို ပြိုင်ဖက် ကလပ်ဆီ ပြောင်းဖို့ တိုက်တွန်းသွားတဲ့ အလန်ရှီးယား
ချဲလ်ဆီးအသင်းဟာ နွေရာသီ ဈေးကွက် ပိတ်သိမ်းဖို့ နီးကပ်လာတာနဲ့အမျှ ၊ ပိုလျှံနေတဲ့ ကစားသမားတွေကို တတ်နိုင်သလောက် ရှင်းထုတ်ဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ ထိုအထဲမှာ အင်္ဂလန်ဝါရင့် တောင်ပံကစားသမား ရာဟင်း စတာလင်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။