ဆိုလန်ကီရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့

ဆိုလန်ကီရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ သောမတ်စ်ဖရန့်ခ်

သောမတ်စ်ဖရန့်ခ်က ကြယ်ပွင့်တိုက်စစ်မှူးဆိုလန်ကီရဲ့ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တယ်လို့ အတည်ပြုပြောကြားပြီးနောက် တော့တင်ဟမ်အတွက် နောက်ဆုံးပေါ်ဒဏ်ရာပြဿနာတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ ဆိုလန်ကီက မန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့သြဂုတ်လပွဲစဉ်နောက်ပိုင်း တော့တင်ဟမ်အတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။ ဒီပွဲစဉ်မှာလည်း ဆိုလန်ကီက ရစ်ချာလီဆန်ရဲ့နေရာ လူစားဝင်လာပြီး ပွဲချိန်နှောင်းပိုင်း ၁၂ မိနစ်ခန့်သာ ကစားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးက အခုဒဏ်ရာကို ရာသီကြိုလေ့ကျင့်ပြင်ဆင်မှုကာလမှာ ရရှိခဲ့ပြီး သြဂုတ်လအတွင်း ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတဲ့ ဥရောပစူပါဖလားပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဘန်လေ၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ရတဲ့ ပရီမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်နှစ်ခုမှာ ပွဲချိန်နှောင်းပိုင်းလူစားဝင်ကစားသမားအဖြစ် အသင်းအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ အခုလအစောပိုင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တဲ့ ဆိုလန်ကီက လတ်တလောမှာတော့ သူ့ရဲ့ဒဏ်ရာအတွက် ဖြေရှင်းချက်ရှာဖွေနိုင်ဖို့ ခွဲစိတ်ကုသမှုခံယူထားတယ်လို့ သောမတ်စ်ဖရန့်ရဲ့အဆိုအရ သိရပါတယ်။ တော့တင်ဟမ်နည်းပြက “ ဆိုလန်ကီအတွက် ကာလအတန်ကြာအနှောင့်အယှက်ဖြစ်နေတဲ့…

အပြည့်အစုံဖတ်ရန်
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်း

ဘိုင်ယန်မှာပျော်ရွှင်နေတယ်လို့ ပြောကြားလာတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ပြန်မယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပြီး မကြာခင်မှာ အသင်းနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမယ်လို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
အထူးစီမံချက်ကို ပြောပြလိုက်တဲ့ သောမက်စ်ဖရန့်ခ်

ရစ်ချာလီဆန် ဒဏ်ရာကင်းဝေးစေရန် အထူးစီမံချက်ကို ပြောပြလိုက်တဲ့ သောမက်စ်ဖရန့်ခ်

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘန်လေအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆန်က အံ့မခန်းခြေစွမ်းပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အထူးသဖြင့် သူရဲ့ နောက်ပြန်ကန်ချက်သွင်းဂိုးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

အပြည့်အစုံဖတ်ရန်
တော့တင်ဟမ်ကစားသမားတွေကို ဂုဏ်ပြုလိုက်တဲ့ သောမတ်စ် ဖရန့်ခ်

အထူးစစ်ဆင်ရေးကျရှုံးခဲ့ပေမဲ့ တော့တင်ဟမ်ကစားသမားတွေကို ဂုဏ်ပြုလိုက်တဲ့ သောမတ်စ် ဖရန့်ခ်

ပီအက်စ်ဂျီကို နှစ်ဂိုးတိတိဦးဆောင်နိုင်ခဲ့ပြီးမှ ပယ်နယ်တီဖြင့်အရေးနိမ့်ခဲ့တဲ့ ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်အပြီး သောမတ်စ်ဖရန့်ခ်က သူ့ရဲ့အထူးစစ်ဆင်ရေးကျရှုံးမှုကို အသိအမှတ်ပြုခဲ့ပေမဲ့ တော့တင်ဟမ်အသင်းကစားသမားတွေကို ချီးကျူးဂုဏ်ပြုဖို့ အသင့်ရှိနေခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်