၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးပြိုင်ပွဲကြီး ဖြစ်လာလိမ့်မယ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ ဖွင့်ဟလာတဲ့ စီရော်နယ်ဒို

စီရော်နယ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်မဲ့ သူ့ရဲ့နိုင်ငံတကာအဆင့်နောက်ဆုံးမေဂျာပြိုင်ပွဲကြီးဖြစ်လာမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုငါးခုအပြင် အသင်းလိုက်ဆုဖလားများစွာဆွတ်ခူးရရှိထားတဲ့ အသက်-၄၀ နှစ်အရွယ် စီရော်နယ်ဒိုက လာမဲ့ တစ်နှစ်(သို့မဟုတ်)နှစ်နှစ်အတွင်း ဘောလုံးကစားခြင်းကို စွန့်လွှတ်တော့မယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
တကယ့်နှုတ်ဆက်မှုနဲ့ထိုက်တန်ခဲ့တဲ့ ရော်နယ်ဒို

တကယ့်နှုတ်ဆက်မှုနဲ့ထိုက်တန်ခဲ့တဲ့ ရော်နယ်ဒို

နည်းပြဟောင်း ဘန်နီမက္ကာသီက ရော်နယ်ဒိုအနေနဲ့ ၂၀၂၂ ယူနိုက်တက်နေကထွက်ခွာချိန် တကယ့်နှုတ်ဆက်မှုနဲ့ ထိုက်တန်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ မက္ကာသီက ရော်နယ်ဒိုဟာ အသင်းအတွက် အမှတ်တရကောင်းတွေအများကြီးယူဆောင်လာပေးခဲ့ပေမဲ့ ထိုက်တန်မှုမျိုးမရခဲ့ဘူးလို့ ခံစားနေရပါတယ်။

အပြည့်အစုံဖတ်ရန်
ရော်နယ်ဒိုရဲ့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မျက်လုံးမှိတ်ပြမှု

၂၀၀၆ ကမ္ဘာ့ဖလား အနီကတ်အပြီး ရော်နယ်ဒိုရဲ့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မျက်လုံးမှိတ်ပြမှုအပေါ် ပြောကြားလိုက်တဲ့ ဝိန်း ရွန်နီ

ဝိန်းရွန်နီဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အင်္ဂလန်နဲ့ ပေါ်တူဂီတို့ပွဲစဉ်အတွင်း သူအနီကတ်ပြ ထုတ်ပယ်ခံရပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုအပေါ် တကယ်တမ်း ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို နောက်ဆုံးမှာတော့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရူနို ဖာနန်ဒက်စ် xda77

ဆော်ဒီလိဂ်နဲ့ အမေရိကန်လိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ဘရူနို ဖာနန်ဒက်စ်

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ အမေရိကန်လိဂ်နဲ့ ဆော်ဒီလိဂ်တို့ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ရောကရက်စ်ကို ချီးကျူးလိုက်တဲ့ ရိုနယ်ဒို

အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့တဲ့ ရောကရက်စ်ကို ထူးခြားတဲ့ကစားသမားလို့ ချီးကျူးလိုက်တဲ့ ရိုနယ်ဒို

ခရစ္စတီယာနို ရိုနယ်ဒိုက တိုက်စစ်မှူး ဗစ်တာ ရောကရက်စ်ကို ယခုနွေရာသီတွင် အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ထူးခြားတဲ့ကစားသမား လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ရောကရက်စ်ဟာ ပွဲထွက်ကစားမှု၊ ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှုတို့နှင့် ပတ်သက်တဲ့ အပိုဆုကြေးများပါဝင်တဲ့ ပေါင် ၆၄ သန်း (ယူရို ၇၄ သန်း ၊ ဒေါ်လာ ၈၆ သန်း) တန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေးဖြင့် ဂန်နာတို့ထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ စပို့တင်းတွင် ၅၄ ဂိုး သွင်းယူခဲ့တဲ့ အောင်မြင်သော ရာသီတစ်ခုပြီးနောက် အပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူလိုတဲ့ အသင်းတွေ များပြားခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရော်နယ်ဒို

မှတ်တမ်းများကို ချိုးဖျက်ရန်သာ တစ်ခုတည်းသော ရည်မှန်းချက်ရှိနေတဲ့ ရော်နယ်ဒို

အသက် ၄၀ နှစ်အရွယ် ခရစ္စတီယာနို ရော်နယ်ဒိုဟာ မှတ်တမ်းများကို ချိုးဖျက်ရန်သာ တစ်ခုတည်းသော ရည်မှန်းချက်ရှိနေတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုအတွက် ကြိုးပမ်းရေးတွင် ထောက်ခံမှုများ ရရှိနေပါတယ်။

အပြည့်အစုံဖတ်ရန်
စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်

ကမ္ဘာ့ထိပ်တန်းလိဂ်ငါးခုနဲ့ပတ်သက်လို့ စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်

ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းလိဂ်ငါးခုစာရင်းမှာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပါဝင်တယ်ဆိုတဲ့ စီရော်နယ်ဒိုရဲ့ ပြောဆိုမှု ကို မာရက်ဇ်က ငြင်းချက်ထုတ်လိုက်ပါတယ်။ ပြင်သစ်အခြေစိုက် L’Equipe မဂ္ဂဇင်းနဲ့တွေ့ဆုံချိန် အယ်လ်အာလီကြယ်ပွင့်က အခုလိုငြင်းဆန်ခဲ့တာပါ။ အယ်လ်နာဆာတိုက်စစ်မှူးစီရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ဟာ ပြင်သစ်လီဂူးဝမ်းထက် ပိုကောင်းတယ်၊ ပြင်သစ်မှာပီအက်စ်ဂျီပဲရှိပါတယ်ဆိုတဲ့မှတ်ချက်စကားတွေ ပေးခဲ့ဖူးပြီး ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မဂ္ဂဇင်းက မာရက်ဇ်ဆီ ထင်မြင်ချက်တောင်းခံခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရော်နယ်ဒို

ရော်နယ်ဒိုဟာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသပြီးလို့ အာဆင်နယ်ဂန္ထဝင်ဟောင်း ပြောကြား

အာဆင်နယ်ဂန္ထဝင်ဟောင်း ပီတစ်က အယ်လ်နာဆာစတား ရော်နယ်ဒိုဟာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသပြီးလို့ ပြောကြားလိုက်ပါတယ်။ အသင်းပြောင်းမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အဆုံးသတ်မှာ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
မာတင်နယ်လီ

‘မာတင်နယ်လီ’ကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ အယ်လ်နာဆာ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ အာဆင်နယ်ကြယ်ပွင့် ဂါဘရီရယ်မာတင်နယ်လီကို ပေါင်သန်း ၇၃ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ်အသင်းဟာ ဖီနာဘာချီကို အငှားနဲ့ပြောင်းရွှေ့တော့မဲ့ ဂျွန် ဒူရန်နေရာမှာ အစားထိုးဖို့ တိုက်စစ်ကစားသမားသစ်ရှာဖွေနေတာပါ။ လီဗာပူးကစားသမား လူဝစ်ဒီးယက်ဇ်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် အယ်လ်နာဆာအသင်းဟာ မာတင်နယ်လီကို ဒီနွေရာသီအတွင်း တိုက်စစ်ကို အားဖြည့်ဖို့အတွက် အကောင်းဆုံးရွေးချယ်စရာအဖြစ် သတ်မှတ်ထားပါတယ်။

အပြည့်အစုံဖတ်ရန်
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မဲ့အစား အနားယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ ပေါ်တူဂီကစားသမားဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ်သက်တမ်းတိုးပြီးနောက်မှာ အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်အရ အသက် ၄၂ နှစ်အထိ ဆော်ဒီပရိုလိဂ်ကလပ်မှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်