တယ်လီဂရမ် CEO ပြင်သစ်လေဆိပ်တွင် ဖမ်းဆီးခံရ
Telegram (CEO) အမှုဆောင်အရာရှိချုပ် Pavel Durov (ပါဗဲလ်ဒူရု) ကို ပြင်သစ်ရဲများက ပါရီမြို့မြောက်ဘက်ရှိ လေဆိပ်တစ်ခုမှာ ဖမ်းဆီးခဲ့ပါတယ်။
၎င်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ် Le Bourget လေဆိပ်သို့ ဆင်းသက်ပြီးနောက် Mr Durov ကို ထိန်းသိမ်းထားကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့တာဖြစ်ပါတယ်။
အသက် 39 နှစ်အရွယ် ပါဗဲလ်ဒူရု ဟာ “တယ်လီဂရမ်”စာတိုပေးပို့ခြင်းအက်ပ်နဲ့ ပတ်သက်တဲ့ ပြစ်မှုများအတွက် ဖမ်းဝရမ်းနဲ့ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရှိ ရုရှားသံရုံးကလည်း အခြေအနေကို ရှင်းလင်းရန် ချက်ချင်းလုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Durov က သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ခရီးသွားခဲ့ကြောင်း ပြင်သစ်ရုပ်သံလိုင်း TF1 က ၎င်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။
Telegram ဆိုတာ ရုရှား၊ ယူကရိန်းနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံများမှာ အထူးရေပန်းစားပြီး မြန်မာနိုင်ငံမှာလည်း လူကြိုက်အများဆုံးဖြစ်ပါတယ်။ အဓိကအချက်ကတော့ တင်းကျပ်မှုတွေသိပ်မရှိဘဲ 21+တွေအထိ လွတ်လပ်စွာနဲ့ တင်ခွင့်ရလို့ပါ။

Mr Durov က သုံးစွဲသူဒေတာလွှဲပြောင်းပေးရန် ယခင်က ငြင်းဆိုခဲ့ပြီးနောက် အဆိုပါအက်ပ်အား 2018 ခုနှစ်က ရုရှားမှာ ပိတ်ပင်ခဲ့ပါသေးတယ်။
ဒါပေမဲ့ တားမြစ်ချက်ကို 2021 ခုနှစ်မှာ ရုရှားအစိုးရက ပြန်လည်ဖြေလျှော့ပေးခဲ့ပါတယ်။
Telegram ကို Facebook ၊ YouTube ၊ WhatsApp ၊ Instagram ၊ TikTok နှင့် Wechat တို့ပြီးနောက် အဓိက လူမှုမီဒီယာပလက်ဖောင်းများထဲမှ တစ်ခုအဖြစ် အဆင့်သတ်မှတ်ထားပါတယ်။
Mr Durov က Telegram ကို 2013 ခုနှစ်မှာ တည်ထောင်ခဲ့ပြီး 2014 ခုနှစ်တွင် ၎င်းရဲ့ VKontakte (VK) ဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်မှာ အတိုက်အခံအသိုင်းအဝိုင်းများကို ပိတ်ပစ်ဖို့ ရုရှားအစိုးရရဲ့တောင်းဆိုချက်များကို လိုက်နာဖို့ ငြင်းဆန်ပြီးနောက် ရုရှားမှ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
Source : bbc.com
#xda77 #xda77digital