ချဲလ်ဆီးကိုအနိုင်ရပြီးနောက် ယူနိုက်တက်စတားကို ချီးကျူးလိုက်တဲ့ အာမိုရင်

ဖာနန်ဒက်စ် ချီးကျူးလိုက်တဲ့ အာမိုရင်

ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့အနိုင်ရပြီးနောက် ယူနိုက်တက်နည်းပြ အာမိုရင်က အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်သမိုင်းကြောင်းမှာပါဝင်ဖို့ ထိုက်တန်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်သားဟာ ယူနိုက်တက်အသင်းရဲ့နိုင်ပွဲကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်တစ်ယောက် ချဲလ်ဆီးနဲ့ပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၆ နှစ်နီးပါးအတွင်း ပြိုင်ပွဲစုံပွဲ ၁၀၀ ပြည့်ခဲ့တဲ့ဂိုးဖြစ်လာခဲ့ပါတယ်။ အာမိုရင်က ဖာနန်ဒက်စ်ဟာ အကြိမ်ရေတော်တော်များများအကောင်းဆုံးကစားနိုင်သလို ချီးကျူးမှုအားလုံးနဲ့ထိုက်တန်တယ်လို့ ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးကိုအနိုင်ရပြီးနောက် ပွဲအပြီးအင်တာဗျူးမှာ အာမိုရင်က ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး “သူက ချီးကျူးမှုအားလုံးနဲ့ထိုက်တန်ပါတယ်။ အရေးအကြီးဆုံးအရာက သူကအသင်းအပေါ်မှာ လွှမ်းမိုးနိုင်တာပါ။ တစ်ချို့အချိန်တွေမှာ သူအကောင်းဆုံးခြေစွမ်းမရှိပေမယ့် ပွဲတိုင်းနီးပါး သူအဓိကလူဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အသင်းခေါင်းဆောင်ဖြစ်တာကြောင့်လည်း သူက နေရာတိုင်းကနေ အသင်းကိုပိုကောင်းအောင်ကူညီပေးပါတယ်။ သူပိုကောင်းအောင်ကစားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အသင်းမှာရှိတဲ့လူတိုင်း အကောင်းဆုံးကစားနိုင်ပါတယ်။ ဒီကောင်လေးက အသင်းသမိုင်းကြောင်းမှာ ပါဝင်ဖို့ ထိုက်တန်ပါတယ်။ သူကသူ့အတွက်တင်မဟုတ်ပဲ အသင်းအတွက်ပါ လုပ်ဆောင်နေတာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်ရဲ့အားစိုက်ထုတ်မှုက ယူနိုက်တက်အတွက် သက်သာရာရခဲ့သလို ပြိုင်ပွဲစုံ ၅ ပွဲမှာ ယူနိုက်တက်ဟာ ၁ ပွဲသာအနိုင်ရရှိထားပြီး ချဲလ်ဆီးကိုအနိုင်ရလိုက်တာကြောင့် အဆင့် ၁၀ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ လာမဲ့စက်တင်ဘာ ၂၇ ရက်နေ့မှာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်နဲ့ကန်ရမှာဖြစ်ပြီး အဲ့နောက် လီဗာပူးအသင်းနဲ့မတိုင်ခင် အောက်တိုဘာ ၄ ရက်နေ့မှာ ဆန်းဒါးလန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : berawangnews.com

Leave a Reply

Your email address will not be published. Required fields are marked *