TikTok က မကြာမီ ဆယ်ကျော်သက်တွေကို beauty filter အသုံးပြုခွင့်မရအောင် တားမြစ်မှာဖြစ်ပြီး ဒီအစီအစဉ် ကို ကမ္ဘာတစ်ဝှမ်းမှာ အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။
ဆိုလိုတာကတော့ နှုတ်ခမ်းထူထူ၊ ပိန်သွယ်တဲ့ မျက်နှာနဲ့ အသားအရေကို ချောမွေ့စေတဲ့ filter တွေကို အသက် ၁၈ နှစ်အောက်ကလေးတွေ အသုံးပြုခွင့်မရအောင် တင်းကြပ်သွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ တိရစ္ဆာန်နားရွက်အတု ထည့်ထားတဲ့ filter လို ရယ်စရာ filter တွေကိုတော့ ဆယ်ကျော်သက်တွေအတွက် ဆက်လက်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း အစိုးရတွေကလည်း လူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ဆိုင်ရာစည်းမျဉ်းတွေ တင်းကျပ်လိုက်ပြီးနောက် TikTok ရဲ့ အခုလိုလှုပ်ရှားမှုလည်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ် အောက်ကလေးတွေကို TikTok၊ Instagram နဲ့ Facebook တို့လို ပလက်ဖောင်းတွေ အသုံးပြုခွင့်ပိတ်ပင်တဲ့ ဥပဒေတစ်ရပ် ကြသပတေးနေ့(နိုဝင်ဘာ ၂၈ ရက်) က အတည်ပြုလိုက်ပါတယ်။
ဒါအပြင် ပြင်သစ်၊ အမေရိကန်ပြည်နယ်အချို့ အပါအဝင် အခြားနိုင်ငံတွေမှာလည်း မိဘခွင့်ပြုချက်မရှိဘဲ အရွယ်မရောက်သေးသူတွေ ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ကန့်သတ်ချက်ဥပဒေတွေပြဌာန်းထားတယ်လို့ သိရပါတယ်။
Source : theguardian.com