မွေးနေ့မှာ ဝမ်(၂၅)သန်းလှူဒါန်းခဲ့တဲ့ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ TXT အဖွဲ့ဝင် တေးဟွန်း

TXT အဖွဲ့ဝင် တေးဟွန်း

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ TXT ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တေးဟွန်းသည် ၎င်း၏မွေးနေ့တွင် လူငယ်အနုပညာပညာရေးကို ပံ့ပိုးရန်အတွက် ဝမ်(၂၅)သန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

တေးဟွန်းသည် Korea’s Love Fruit campaign ကို ဝမ်(၂၅)သန်းလှူဒါန်းမှုနှင့်အတူ ၎င်း၏(၂၃)နှစ်မြောက် မွေးနေ့ကို ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။

တေးဟွန်း၏လှူဒါန်းမှုသည် ယဉ်ကျေးမှုနည်းပါးသော ဒေသများရှိ ဆင်းရဲနွမ်းပါးသော လူငယ်များအတွက် အနုပညာနှင့် ယဉ်ကျေးမှုပညာပေးအစီအစဉ်များကို ပံ့ပိုးပေးမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တေးဟွန်းက “ကျွန်တော့်ရဲ့ပရိသတ်တွေကို သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်ပေးချင်ခဲ့တာပါ၊ ဒီနှစ်မှာလည်း နောက်ထပ် လှူဒါန်းမှုမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ မနှစ်တုန်းကတော့ ကျွန်တော့်ရဲ့ လှူဒါန်းမှုဟာ အဓိပ္ပါယ်ရှိတဲ့ အကျိုးသက်ရောက်မှုကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ တူညီတဲ့ ရည်ရွယ်ချက်အတွက် ထပ်ပြီး လှူဒါန်းနိုင်ခဲ့တယ်လို့ ကျွန်တော် သတင်းတွေကြားမိပါတယ်။ တစ်စုံတစ် ယောက်အတွက် ခွန်အားနဲ့ အားပေးမှု ဘယ်လောက် ရှိနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒီသေးငယ်တဲ့အမူအရာက လိုအပ်နေတဲ့သူတွေကို ခွန်အားပေး နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟုပြောဆိုခဲ့သည်။

Source : allkpop.com

Leave a Reply

Your email address will not be published. Required fields are marked *