မန်ယူနိုက်တက် လူငယ်အသင်းကို ဂိုးပြတ်သိပ်ခဲ့တဲ့ ဂန်းနား လူငယ် အသင်း

မန်ယူနိုက်တက် လူငယ် အသင်းကို ဂိုးပြတ်သိပ်ခဲ့တဲ့ ဂန်းနား လူငယ် အသင်း

ယနေ့ နံနက် က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လိဂ် ၂ ပွဲစဉ် အဖွင့် ပွဲမှာ အာဆင်နယ် ယူ ၂၁ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်အသင်းကို လေးဂိုး နှစ်ဂိုး ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူသွားခဲ့ပါတယ်။ အာဆင်နယ် ယူ ၂၁ အသင်း အတွက် ဂိုးတွေကိုတော့ ခရွန်အက်ဝက်ဒ် က နှစ်ဂိုး ၊ ရိုဆီရက် အိုယီဒီဂျီ တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

အာဆင်နယ် ယူ ၂၁ အသင်းမှာ အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ လီးဝစ် စကယ်လီ ပါဝင်ပေမံ နွမ်နယ်ရီ ကတော့ ပါဝင်ခြင်း မရှိတာကြောင့် အသင်းကြီးလူစာရင်းမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဝုလ်ဗာဟမ်တန် နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲ လူစာရင်းမှာ နောက်ခံလူ တင်ဘာ ပြန်လည် ပါဝင်လာမှာ ဖြစ်ပြီး ပါဝင်ကစားဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဗီအဲရာ ရဲ့ အခြေအနေကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာဖြစ်ပြီး တိုမီယာဆု နှင့် တီယာနေး တို့ကတော့ ရက်သတ္တပတ် အနည်းငယ် အနားယူရဦးမှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက် လူငယ် အသင်းကို ဂိုးပြတ်သိပ်ခဲ့တဲ့ ဂန်းနား လူငယ်အသင်း xda77

ရာသီသစ် မစတင်ခင် အခု လာမဲ့ရာသီမှာ ထွန်းတောက်လာမဲ့ ဂန်းနား လူငယ် ကြယ်ပွင့် ကစားသမားက ဘယ်သူ ဖြစ်မလဲလို့ အာဆင်နယ် အသင်းသားတွေကို မေးမြန်းခဲ့ရာ တိုမီယာဆု ၊ ဇင်ချန်ကို ၊ နယ်လ်ဆင် ၊ ဟားဗတ်ဇ် ၊ အော်ဒီဂတ် ၊ ပါတေး ၊ ဆလီဘာ ၊ မာတင်နယ်လီ ၊ စကယ်လီ ၊ ဟီးဗန်း ၊ တင်ဘာ ၊ ဆာကာ ၊ ရာယာ တို့က နွမ်နယ်ရီ လို့ အဖြေပေးခဲ့ကြပြီး ကာလာဖီအိုရီ ၊ ဗီအဲရာ ၊ ဂျော်ဂျင်ဟို ၊ နွမ်နယ်ရီ ၊ တင်ဘာ ၊ ဆာကာ ၊ ရာယာ တို့က မိုးလ်စ် လီးဝစ်စကယ်လီ လို့ အဖြေပေး ခဲ့ပါတယ်။

Source : www.arsenal.com

#xda77 #xda77digital

Leave a Reply

Your email address will not be published. Required fields are marked *