အမေရိကန်အစိုးရအနေနဲ့ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အစ္စရေးပါဝင်ရေးကို ပိတ်ပင်သွားမယ်လို့ သိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေဘက်ကလည်း ဂါဇာကို ကျူးကျော်ခဲ့တဲ့ အစ္စရေးကို လာမဲ့အပတ်ထဲမှာ မဲပေးထုတ်ပယ်ဖို့ ပြင်ဆင်နေပါတယ်။ ဖီဖာဘက်က ယူအီးအက်ဖ်အေရဲ့ဆုံးဖြတ်ချက်ကို လိုက်နာမလားဆိုတာ မသိရသေးပေမဲ့ အမေရိကန်ဘက်ကတော့ အစ္စရေးကို ဘယ်လိုနည်းနဲ့မဆို ပိတ်ပင်သွားမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အစ္စရေးဘောလုံးအသင်းကို ကမ္ဘာ့ဖလားမှာပါဝင်ခွင့်မပေးဖို့ ဘယ်နည်းနဲ့မဆို တားဆီးသွားမှာပါ”လို့ အမေရိကန်ဘက်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ အစ္စရေးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၅ ပွဲကစားထားပြီးဖြစ်ကာ လာမဲ့နှစ်ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ရှိနေပြီး ၁၉၇၀ ခုနှစ်ကတည်းကက အခုပြိုင်ပွဲမှာ ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။
လာမဲ့နိုဝင်ဘာ ၆ ရက်နေ့မှာ ဗီလာအသင်းဟာ အစ္စရေးအခြေစိုက် မက်ကာဘီတဲလ်အဗစ်အသင်းကို ယူရိုပါလိဂ်ပွဲဧည့်ခံရမှာဖြစ်ပါတယ်။ အခုအပတ်အစောပိုင်းတုန်းကလည်း UN ရဲ့လူအခွင့်အရေးကောင်စီက အစ္စရေးကို ဘောလုံးပွဲစဉ်တွေကနေ ချန်လှပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
“အားကစားတွေအနေနဲ့ စီးပွားရေးတစ်ခုအနေနဲ့ အသုံးချနေတဲ့အမြင်တွေကို ရပ်တန့်ရပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ လူ့အခွင့်အရေးကို လျစ်လျူမရှုသင့်ပါဘူး။ အထူးသဖြင့် သူတို့ပလက်ဖောင်းတွေက သာမန်လိုပြုမူနေတာမျိုးပါ”လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သတင်းတွေအရ ကုလသမ္မဂအဖွဲ့ချုပ်ဘက်က အစ္စရေးဟာ ဂါဇာကို လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးဘက်ကတော့ အဆိုပါသတင်းတွေဟာ မှားယွင်းတယ်ဆိုပြီး ပြန်လည်တုံ့ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း စပိန်ဝန်ကြီး ပက်ဒရိုက အစ္စရေးကို နိုင်ငံတကာအားကစားပြိုင်ပွဲတွေကနေ ချန်လှပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
“အားကစားဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အစ္စရေးပါဝင်မှုကို ချန်လှပ်ရပါမယ်။ ရုရှားက ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲပြီးနောက် သူ့ကိုချန်လှပ်သလို အစ္စရေးကိုလည်း လုပ်ရပါမယ်။ အခုလိုမျိုးကိစ္စတွေအဆုံးမသတ်ခင်အထိ ရုရှားကော အစ္စရေးကိုပါ ချန်လှပ်ရပါမယ်”လို့ ပက်ဒရိုက ပြောကြားခဲ့ပါတယ်။ ရုရှားကို ဖီဖာ နဲ့ ယူအီးအက်ဖ်အေက သက်ဆိုင်ရာအားကစားတွေကနေ တားမြစ်ထားခဲ့ပြီးဖြစ်ပါတယ်။
Source : aljazeera.com