တောင်ကိုရီးယားနာမည်ကျော် အမျိုးသား အဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ V သည် ၎င်း၏ ချောမောလှပသောရုပ်ရည်ဖြင့် နောက်ထပ်စံချိန်မှတ်တမ်းတစ်ခုကို ဆွတ်ခူးခဲ့ပြီဖြစ် ကြောင်းသိရသည်။
V သည် K-pop idol အသိုင်းအဝိုင်း ‘Choeaedol’ က ပြုလုပ်သော ‘Flamboyant Male Idol Like a Flower’ စစ်တမ်းတွင် ပထမနေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်းလည်းသိရသည်။ ၎င်း၏ဂန္တဝင်ဆန်သောရုပ်ရည်ကြောင့် လူသိများသော V သည် သန့်စင်သောအသွင်အပြင်နှင့် နူးညံ့မှုတို့ကြောင့် မကြာခဏဆိုသလို ပန်းတစ်ပွင့်နှင့် နှိုင်းယှဉ်ခံရလေ့ရှိသည်။
ထို့ပြင် V ၏ စူးရှသောအကြည့်များ၊ ချောမောလှပသော မျက်နှာမျဉ်းများ၊ ပြီးပြည့်စုံသောနှာခေါင်းနှင့်အတူ သိမ်မွေ့သောပုံစံများကြောင့် ၎င်းသည်ပရိသတ်များကြားတွင် အလွန်ရေပန်းစားသည့် K-pop idol တစ်ဦးဖြစ်လည်းဖြစ်သည်။ V သည် ကမ္ဘာပေါ်တွင် အချောဆုံးအမျိုးသားများထဲမှတစ်ဦးအဖြစ် မကြာခဏ အသိအမှတ်ပြုခံရလေ့ရှိကြောင်းလည်းသိရသည်။
V သည် TC Candler စာရင်း၏ (၂၀၁၇)ခုနှစ် အချောဆုံးမျက်နှာအမျိုးသားစာရင်းတွင် ပထမအဆင့်နေရာမှာ ရပ်တည်ခဲ့ပြီး ဆွဲဆောင်မှုအရှိဆုံး အာရှအမျိုးသားအယောက်(၁၀၀)စာရင်းတွင် သုံးနှစ်ဆက်တိုက်ထိပ်ဆုံးနေရာမှာ ရပ်တည် နိုင်ခဲ့သလို ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း Google ၏ အချောဆုံးအမျိုးသားရှာဖွေမှုတွင် ပထမနေရာမှာ ရပ်တည်ခဲ့ကြောင်းလည်းသိရသည်။
လက်ရှိအချိန်တွင် V သည် တောင်ကိုရီးယားစစ်တပ်တွင် စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးသည့်အချိန်တွင် မည်သည့်ပုံစံမျိုးဖြင့် ပြန်လာမလဲဆိုသည်ကို ပရိသတ်များက စောင့်ဆိုင်းနေလျက်ရှိသည်။
Source : https://news.laodong.vn/