2NE1 အဖွဲ့ဝင် ပက်ခ်ဘုံးဟာ ပိန်လွန်းတဲ့ ခန္ဓာကိုယ်၊ Filters သုံးပြီး ပြုပြင်ထားတဲ့ နှုတ်ခမ်းပုံစံအသစ်နဲ့ selfie ပုံတွေကို ဇွန်လ ၂၅ ရက်က အသစ်တင်ခဲ့ပါတယ်။
ဓာတ်ပုံတွေမှာ သူမရဲ့ဖြူဝင်းတဲ့အသားအရေ၊ မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းတွေကိုမြင်တွေ့ရပြီး နေရောင်အောက်မှာ ပေါ့ပေါ့ပါးပါး ဆယ်လ်ဖီရိုက်ထားတဲ့ပုံတွေဖြစ်ပေမဲ့ ကိုယ်အလေးချိန်အလွန်ကျသွားပုံပေါ် ကာ ပုံမှန်မဟုတ်တဲ့နှုတ်ခမ်းပုံစံကြောင့် သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေ စိုးရိမ်ခဲ့ရပါတယ်။


ပက်ခ်ဘုံးဟာ မကြာသေးခင်က ကိုယ်အလေးချိန် ၁၁ ကီလိုဂရမ်ထိချခဲ့သလို နှုတ်ခမ်းကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သူမရဲ့ ပိုစ့်အောက်မှာတော့ filter ထိုး အလှပြုပြင်မှုတွေ မလုပ်ဖို့ ပရိတ်သက်တွေက ဝေဖန်ပြောဆိုနေခဲ့ကြပါတယ်။ ပက်ခ်ဘုံးဟာ မျက်နှာခွဲစိတ်ပြုပြင်မှု အလုပ်ဆုံး idol အဖြစ် အရင်ကတည်းက ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။
ဒါပြင် ပက်ခ်ဘုံးဟာ 2NE1 ရဲ့ ဇွန်လ ၁ ရက်က Head In The Clouds LA 2025 မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာလည်း ကိုယ်ရေးကိုယ်တာအကြောင်းကိစ္စကြောင့် ပါဝင်ဖို့ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
Source : koreaboo.com