admin

ရုပ်သေးရုပ်တစ်ရုပ်ကိုသာ အလိုရှိနေတယ်လို့ နယ်ဗင် ဝေဖန်

ချဲလ်ဆီးဘုတ်အဖွဲ့က နည်းပြနေရာမှာ ရုပ်သေးရုပ်တစ်ရုပ်ကိုသာ အလိုရှိနေတယ်လို့ နယ်ဗင် ဝေဖန်

ချဲလ်ဆီးကစားသမားဟောင်း ပတ်နယ်ဗင်က ကလပ်ရဲ့ဘုတ်အဖွဲ့ဟာ နည်းပြနေရာမှာ ရုပ်သေးရုပ်တစ်ရုပ်ကိုသာအလိုရှိတာကြောင့် နည်းပြအန်ဇိုမာရက်စ်ကာကို ရာထူးကထုတ်ပယ်လိုက်တဲ့အပေါ် သူ့အနေနဲ့နားလည်ပေးနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာနဲ့ ချဲလ်ဆီးအသင်းရဲ့ တွဲဖက်ပိုင်ရှင် ဘီဟတ်အီဂါဘလီတို့ဟာ သောကြာ‌နေ့အစောပိုင်းမှာ ဆွေး‌နွေးမှုတွေပြုလုပ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြပြီဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူဆွတ်ခူးနိုင်

အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူဆွတ်ခူးနိုင်တယ်လို့ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆန်

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆန်က အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူပဲ ဆွတ်ခူးသွားနိုင်ကြောင်း ခန့်မှန်းပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးအသင်းနဲ့ နည်းပြမာရက်စ်ကာ

ချဲလ်ဆီးအသင်းနဲ့ နည်းပြမာရက်စ်ကာတို့ကြား ဘာတွေမှားယွင်းခဲ့တာလဲ

ချဲလ်ဆီးအသင်းကို ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၆ လတောင် မပြည့်သေးခင်မှာပဲ နည်းပြအန်ဇိုမာရက်စ်ကာတစ်ယောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါပြီ။ မာရက်စ်ကာလက်အောက် ချဲလ်ဆီးက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး အဆင့် ၅ နေရာအထိ ဆင်းသွားခဲ့ပါတယ်။ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့လည်း ၁၅ မှတ်တောင် ကွာသွားတာပါ။

အပြည့်အစုံဖတ်ရန်
ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့အတူ ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးမန်နေဂျာ အန်ဇို မာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖိအားတွေ တော်တော်လေးများနေပါပြီ။ လာမဲ့သီတင်းပတ်တွေမှာ ရလဒ်တွေမကောင်းလာရင် သူ့ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီဇင်ဘာလအတွင်း ပြိုင်ပွဲစုံ ၈ ပွဲကစားထားရာမှာ ၂ ပွဲပဲ နိုင်ထားတဲ့ ရလဒ်ဆိုးတွေကြောင့် ဒီအီတလီလူမျိုး မန်နေဂျာရဲ့ အခြေအနေက တော်တော်လေး ယိမ်းယိုင်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယော်ကရက်စ်ကို ပွဲထွက်လူစာရင်းမှချန်လှပ်သင့်

ယော်ကရက်စ်ကို ပွဲထွက်လူစာရင်းမှချန်လှပ်သင့်ကြောင်း ထောက်ပြလာတဲ့ ကာရေဂါ

လီဗာပူးနောက်ခံကစားသမားဟောင်း ဂျေမီကာရေဂါက အာဆင်နယ်အနေနဲ့ အသင်းရဲ့တိုက်စစ်မှာ ဗစ်တာယော်ကရက်စ်ကို ချန်လှပ်ပြီး ကိုင်ဟားဗက်ဇ် ဒါမှမဟုတ် ဂါဘရီရယ်ဂျီးဆပ်ကို ပွဲထုတ်သင့်ကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာမိုရင်ရဲ့နည်းဗျူဟာတွေကို ဂယ်ရီနဗီးလ် ဝေဖန်

ဝုပ်ကိုသရေကျပြီးနောက် အာမိုရင်ရဲ့နည်းဗျူဟာတွေကို ဂယ်ရီနဗီးလ် ဝေဖန်

ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ဝုဗ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၁-၁ နဲ့သရေကျခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က နည်းပြရူဘင်အာမိုရင်ရဲ့နည်းစနစ်တွေကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ ဒေါ်ဂူ

ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ ဒေါ်ဂူ

စနေနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒေါ်ဂူက အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အက်စတွန်ဗီလာက ဖလားပြိုင်ပွဲမှာ မပါဝင်သေးဘူး

ချဲလ်ဆီးကို အနိုင်ရခဲ့ပေမဲ့ အက်စတွန်ဗီလာက ဖလားပြိုင်ပွဲမှာ မပါဝင်သေးဘူးလို့ အူနိုင်းအမ်မရီ အခိုင်အမာပြောကြား

အူနိုင်းအမ်မရီက ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး အက်စတွန်ဗီလာဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ တကယ်တမ်းတော့ မပါဝင်သေးပါဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယန်ဒီအိုမန်ဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

ယန်ဒီအိုမန်ဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီမီညိုကို မန်စီးတီးထံ လက်လွှတ်ခဲ့ရပြီးနောက် လိုက်ပ်ဇစ်တောင်ပံကစားသမား ယန်ဒီအိုမန်ဒီကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အပြည့်အစုံဖတ်ရန်
အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ ယာယီတက်လှမ်းလာတဲ့ ယူနိုက်တက်

နယူးကာဆယ်ကိုအနိုင်ယူပြီး အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ ယာယီတက်လှမ်းလာတဲ့ ယူနိုက်တက်

ယူနိုက်တက် ၁-၀ နယူးကာဆယ် (ပွဲပြီးရလဒ်)ဒေါ်ဂူ ၂၄’ ပထမပိုင်းမှာ နယူးကာဆယ်ဘက်ကို အကြိမ်ကြိမ်ထိုးဖောက်ပြီး ဒေါ်ဂူရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တဲ့ယူနိုက်တက်ဟာ ဒုတိယပိုင်းတစ်ပိုင်းလုံးကိုတော့ ခံစစ်နဲ့သာကစားခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်