ဂိုးသမား ထရူးဘင်ရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ဂိုးနဲ့အတူ ရီးရဲလ်ကို အနိုင်ယူပြီး ပလေးအော့ဖ်တက်သွားတဲ့ ဘင်ဖီကာ

ဘင်ဖီကာ နှင့် ရီးရဲလ်မက်ဒရစ် ပွဲစဉ်

ဘင်ဖီကာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကတော့ တကယ့်ကို ရင်ခုန်စရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ပွဲစပြီး မကြာခင်မှာပဲ ဘင်ဖီကာဘက်က ပင်နယ်တီရမလို ဖြစ်ခဲ့ပေမဲ့ VAR ကြောင့် ပယ်ဖျက်ခံခဲ့ရသလို၊ အမ်ဘာပေကလည်း ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို အရင်သွင်းယူပေးခဲ့တာပါ။ ဒါပေမဲ့ ဘင်ဖီကာက အလျှော့မပေးဘဲ ရှယ်လ်ဒီရပ်ရဲ့ ချေပဂိုး၊ အဲဒီနောက် ပထမပိုင်းပြီးခါနီးမှာ ပါဗလီဒစ်ရဲ့ ပင်နယ်တီဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်းမှာလည်း ရှယ်လ်ဒီရပ်က နောက်ထပ်တစ်ဂိုး ထပ်သွင်းခဲ့သလို၊ အမ်ဘာပေကလည်း ရီးရဲလ်အတွက် ဒုတိယဂိုး ပြန်သွင်းခဲ့လို့ ပွဲက တကယ့်ကို အကြိတ်အနယ် ရှိခဲ့တာပါ။
ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာတော့ ရီးရဲလ်က ကစားသမားနှစ်ဦးအထိ အထုတ်ခံလိုက်ရလို့ ကိုးယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဘင်ဖီကာရဲ့ ဂိုးသမား ထရူးဘင်က မမျှော်လင့်ထားတဲ့ ခေါင်းတိုက်ဂိုးကို အပိုင်သွင်းယူပေးခဲ့လို့ ဘင်ဖီကာဟာ ၄-၂ ဆိုတဲ့ရလဒ်နဲ့အတူ မာဆေးလ်နဲ့ ပါဖော့စ်တို့ထက် ဂိုးကွာခြားချက်အသာနဲ့ ပလေးအော့ဖ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ရီးရဲလ်ကတော့ ဒီရှုံးပွဲကြောင့် ဇယားရဲ့ အဆင့် ၉ နေရာအထိ ဆင်းသွားခဲ့ရပါတယ်။

Source : https://www.espn.in/

Leave a Reply

Your email address will not be published. Required fields are marked *