ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိလာတော့မည့် ဂျင်းနီ

ဂျင်းနီ BlackPink

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီသည် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် “Ruby” ထွက်ရှိလာမည့်အကြောင်းကို တရားဝင်ကြေညာလိုက်ပြီဖြစ်သည်။

ODDATELIER Entertainment အေဂျင်စီ၏ အဆိုအရ ဂျင်းနီ၏ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် “Ruby” သည် လာမည့်မတ်လ(၇)ရက်တွင် ထွက်ရှိလာလိမ့်မည်ဖြစ်သည်။

အဆိုပါအယ်လ်ဘမ်တွင် (၂၀၂၄)ခုနှစ် အောက်တိုဘာလက ထွက်ရှိခဲ့သော ‘Mantra‘ သီချင်း အပါအဝင် စုစုပေါင်း သီချင်း(၁၅)ပုဒ် ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
Ruby အယ်လ်ဘမ်သည် Childish Gambino၊ Doechii၊ Dominic Fike၊ Dua Lipa၊ FKJ နှင့် Kali Uchis ကဲ့သို့သော ကမ္ဘာကျော်အနုပညာရှင်များနှင့် ပူးပေါင်းထားပြီး ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များကို ဆွဲဆောင်မှုများလုပ်ဆောင်နိုင်မည့် အယ်လ်ဘမ်တစ်ခုဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိသည်။

ဂျင်းနီသည် Mantra သီချင်းဖြင့် အမေရိကန်၊ ဘရာဇီး၊ စင်ကာပူ၊ ဖိလစ်ပိုင် နှင့် မက္ကဆီကိုတို့ အပါအဝင် နိုင်ငံနှင့်ဒေသ(၄၇)ခုရှိ iTunes ထိပ်တန်းသီချင်းများ ဇယားတွင် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး အောင်မြင်မှုများကို တက်လက်ဆွတ်ခူးလျက်ရှိကြောင်း သိရသည်။


ထို့ပြင် Mantra သီချင်းသည် Billboard Hot 100 ဇယားတွင် သီတင်းပတ်(၂)ပတ်ဆက်တိုက် ပါဝင်ခဲ့ပြီး ဂျင်းနီသည် အမေရိကန် iTunes Top Songs ဇယားတွင် နံပါတ်တစ်နေရာကို ရယူနိုင်သည့် ပထမဆုံး K-pop အမျိုးသမီး တစ်ကိုယ်တော်အနုပညာရှင် ဖြစ်လာခဲ့ခြင်းဖြစ်သည်။


ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များသည် Ruby အယ်လ်ဘမ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး ဂျင်းနီက ၎င်း၏ အနုပညာနှင့်ပတ်သက်သောစွမ်းဆောင်ရည်များကို မည်ကဲ့သို့ ထပ်မံထုတ်ဖော်ပြသသွားမလဲဆိုသည်ကို မျှော်လင့် စောင့်ဆိုင်းနေကြကြောင်းလည်း သိရသည်။

Source : rollingstone.com

Leave a Reply

Your email address will not be published. Required fields are marked *