စိတ်ဒဏ်ရာရခဲ့တဲ့Fantastic Four မင်းသား အီယွန် ဂရပ်ဖတ်

ဇနီးဟောင်းရဲ့ လူမှုကွန်ရက်ပေါ်က နာမည်ဖျက်မှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့ရတယ်လို့ Fantastic Four မင်းသား အီယွန် ဂရပ်ဖတ် တရားရုံးမှာ ထွက်ဆို

Fantastic Four မင်းသား အီယွန် ဂရပ်ဖတ်ဟာ တနင်္လာနေ့ကပြုလုပ်တဲ့ တရားရုံးကြားနာမှုမှာ သူ့ရဲ့ဇနီးဟောင်း အဲလစ် အီဗန်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သူ့ကို “ကလေးသူငယ် ညှဉ်းပန်းသူ၊ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားသူနဲ့ မူးယစ်ဆေးစွဲသူ” ဆိုပြီး လူသိရှင်ကြား စွပ်စွဲပုတ်ခတ်ခဲ့တာတွေကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
Amazing Thailand သံတမန်ဖြစ်လာတဲ့ Blackpink အဖွဲ့ဝင် လီဆာ

Amazing Thailand သံတမန်ဖြစ်လာတဲ့ Blackpink အဖွဲ့ဝင် လီဆာ နဲ့ “Feel All the Feelings” ကမ်ပိန်း

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) က Blackpink အဖွဲ့ဝင် လီဆာ (လာလီဆာ မနိုဘန်) ကို Amazing Thailand သံတမန်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီး “Feel All the Feelings” ဆိုတဲ့ ကမ်ပိန်းအသစ်ကို ဝတ်အာရွန်း (အရုဏ်ဦးဘုရား) မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
IU က ဝမ်သန်း ၂ဝဝ (ဒေါ်လာ ၁၄၅,ဝဝဝ ခန့်) လှူဒါန်း

IU က သူ့ရဲ့ ပွဲဦးထွက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပရိသတ်အမည်နဲ့ ဝမ်သန်း ၂ဝဝ (ဒေါ်လာ ၁၄၆,ဝဝဝ ခန့်) လှူဒါန်း

တောင်ကိုရီးယား သရုပ်ဆောင်၊ အဆိုတော် တေးရေးဆရာ IU ဟာ သူမ အနုပညာလမ်းကြောင်းပေါ် ပွဲဦး ထွက်ခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ပရိသတ် fandom အမည်နဲ့ အလှူပြုလုပ်ပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျက်ကီချန်း နဲ့ အဆိုတော် JJ Lin - xda77

အဆိုတော် JJ Lin နဲ့ ပူးပေါင်းပြီး သီချင်းသစ်ထွက်လာတဲ့ ဂျက်ကီချန်း

ဟောင်ကောင်သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချန်းဟာ စင်ကာပူ အဆိုတော် JJ Lin နဲ့ ပူးပေါင်းပြီး Skibidi ဆိုတဲ့ သီချင်းသစ် ထွက်ရှိလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
KPop Demon Hunters ဇာတ်ကားထဲက Saja Boys အဖွဲ့ရဲ့တေးသီချင်းတွေ

Saja Boys အဖွဲ့ရဲ့တေးသီချင်းတွေ US Spotify Chart မှာ နံပါတ် ၁ နေရာ ရောက်ရှိနေ

Netflix ရဲ့ Animation ရုပ်ရှင် “KPop Demon Hunters” မှာ ပါဝင်တဲ့ ယောင်္ကျားလေးအဖွဲ့ “Soja Boys” ရဲ့ တေးသီချင်းတွေဟာ US Spitify Chart မှာ နံပါတ် ၁ နေရာ ရောက်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
BTS အဖွဲ့ဝင်(၇)ဦးစလုံး စစ်မှုထမ်းတာဝန်ပြီးမြောက်

BTS အဖွဲ့ဝင်(၇)ဦးစလုံး စစ်မှုထမ်းတာဝန်ပြီးမြောက်

BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suga သည် ၎င်း၏ စစ်မှုထမ်းတာဝန်ကိုအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်(၇)ဦးစလုံး ပြန်လည်ပေါင်းစည်းသွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့ပြင် Suga ၏ စစ်မှုထမ်းတာဝန်ပြီးဆုံးသည့်နေ့တွင် လူများပြည့်ကျပ်နေမည်ကို စိုးရိမ်သောကြောင့် မည်သည့်ပွဲကိုမှ မပြုလုပ်ခဲ့ကြောင်း BTS ၏အေဂျင်စီ Big Hit Entertainment က အစောပိုင်းတွင်ထုတ်ပြန်ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရန်
2NE1 အဖွဲ့ဝင် ပက်ခ်ဘုံး

Filters သုံးထားတဲ့နှုတ်ခမ်းပုံကြောင့် ပရိသတ်တွေ စိုးရိမ်နေကြတဲ့ 2NE1 အဖွဲ့ဝင် ပက်ခ်ဘုံး

2NE1 အဖွဲ့ဝင် ပက်ခ်ဘုံးဟာ ပိန်လွန်းတဲ့ ခန္ဓာကိုယ်၊ Filters သုံးပြီး ပြုပြင်ထားတဲ့ နှုတ်ခမ်းပုံစံအသစ်နဲ့ selfie ပုံတွေကို ဇွန်လ ၂၅ ရက်က အသစ်တင်ခဲ့ပါတယ်။ ဓာတ်ပုံတွေမှာ သူမရဲ့ဖြူဝင်းတဲ့အသားအရေ၊ မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းတွေကိုမြင်တွေ့ရပြီး နေရောင်အောက်မှာ ပေါ့ပေါ့ပါးပါး ဆယ်လ်ဖီရိုက်ထားတဲ့ပုံတွေဖြစ်ပေမဲ့ ကိုယ်အလေးချိန်အလွန်ကျသွားပုံပေါ် ကာ ပုံမှန်မဟုတ်တဲ့နှုတ်ခမ်းပုံစံကြောင့် သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေ စိုးရိမ်ခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
BLACKPINK အဖွဲ့၏ (၁၁)ပုဒ်မြောက်သီချင်း “Pretty Savage’’

Spotify တွင် ထုတ်လွှင့်မှု သန်း(၅၀၀)ကျော်သွားခဲ့သည့် Blackpink အဖွဲ့၏ “Pretty Savage”သီချင်း

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ Blackpink သည် အဖွဲ့လိုက် ဖျော်ဖြေမှုများကို လုပ်ဆောင်ခြင်းမျိုးမရှိတော့သော်လည်း အောင်မြင်မှုများကို ဆက်လက်ရယူနေလျက် ရှိကြောင်းသိရသည်။ Blackpink အဖွဲ့၏ “Pretty Savage”သီချင်းသည် Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှုသန်း(၅၀၀)ကျော်သွားခဲ့မှုနှင့်အတူ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အပြည့်အစုံဖတ်ရန်
လီဒိုဟွန်း

တစ်နှစ်တာအကောင်းဆုံး အမျိုးသားသရုပ်ဆောင်အသစ်ဆု ရရှိခဲ့တဲ့ လီဒိုဟွန်း

မေလ ၂၀ ရက်က Directors Guild of Korea (DGK) မှ ကျင်းပပြုလုပ်ခဲ့တဲ့ ’23rd Directors Cut Awards’ ဆုပေးပွဲမှာ သရုပ်ဆောင် လီဒိုဟွန်းက ‘တစ်နှစ်တာ အကောင်းဆုံး သရုပ်ဆောင်သစ်’ ဆု ရရှိခဲ့ပါတယ်။ဒါဟာ လီဒိုဟွန်းအတွက် စစ်မှုထမ်းတာဝန်ပြီးစီးပြီးတဲ့နောက် ပထမဆုံးရရှိတဲ့ဆုလည်း ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ V

ချောမောလှပသောရုပ်ရည်နှင့်အတူ နောက်ထပ်အောင်မြင်မှုတစ်ခုကို ဆွတ်ခူးခဲ့သည့် ‘ V ’

တောင်ကိုရီးယားနာမည်ကျော် အမျိုးသား အဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ V သည် ၎င်း၏ ချောမောလှပသောရုပ်ရည်ဖြင့် နောက်ထပ်စံချိန်မှတ်တမ်းတစ်ခုကို ဆွတ်ခူးခဲ့ပြီဖြစ် ကြောင်းသိရသည်။

အပြည့်အစုံဖတ်ရန်