ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတဲ့ ရော်နယ်ဒို

ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတဲ့ ရော်နယ်ဒို

အိုင်ယာလန်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတဲ့ ရော်နယ်ဒို ခရစ္စတီယာနိုရော်နယ်ဒိုဟာ အိုင်ယာလန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးအကြိမ် အနီကတ်ပြခံရပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်ကို ပွဲပယ်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

အပြည့်အစုံဖတ်ရန်
အူဘာမီယန်း-ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှား

ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှားဖြစ်တယ်လို့ အူဘာမီယန်းဝန်ခံ

အာဆင်နယ်တိုက်စစ်မှူးဟောင်း ပီယဲ-အမ်မရစ်အူဘာမီယန်းက ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှားဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ကျရှုံးခဲ့ခြင်း

ယူနိုက်တက်ကျရှုံးခဲ့ခြင်းမှာ နာမည်ကျော်ကစားသမားတွေနောက်လိုက်ခဲ့ခြင်းကြောင့်ဖြစ်တယ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီက အသင်းအနေနဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုနဲ့ဝေးကွာပြီး ကျရှုံးမှုတွေကြုံတွေ့နေရခြင်းမှာ လူကာကူ၊ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့လို နာမည်ကျော်ကစားသမားတွေနောက် လိုက်ခဲ့ခြင်းကလည်း တစ်ထောင့်တစ်နေရာကနေပါဝင်နေကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မန်စီးတီးမှ ဖီနာဘာချီသို့ပြောင်းရွှေ့ခဲ့တဲ့ အီဒါဆန်

‘အီဒါဆန်’က မန်စီးတီးမှ ဖီနာဘာချီသို့ဘာကြောင့်ပြောင်းရွှေ့ခဲ့သလဲ ထုတ်ဖော်ပြောကြားလာ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာစီးတီးမှ ဖီနာဘာချီသို့ ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား အီဒါဆန်က သူဟာ ဘာကြောင့် အီတီဟတ်ကိုစွန့်ခွာပြီး တူရကီမြေသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးပြိုင်ပွဲကြီး ဖြစ်လာလိမ့်မယ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ ဖွင့်ဟလာတဲ့ စီရော်နယ်ဒို

စီရော်နယ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်မဲ့ သူ့ရဲ့နိုင်ငံတကာအဆင့်နောက်ဆုံးမေဂျာပြိုင်ပွဲကြီးဖြစ်လာမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုငါးခုအပြင် အသင်းလိုက်ဆုဖလားများစွာဆွတ်ခူးရရှိထားတဲ့ အသက်-၄၀ နှစ်အရွယ် စီရော်နယ်ဒိုက လာမဲ့ တစ်နှစ်(သို့မဟုတ်)နှစ်နှစ်အတွင်း ဘောလုံးကစားခြင်းကို စွန့်လွှတ်တော့မယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
လမ်းကြောင်းမှန်ပေါ်ရောက်လာတဲ့ ယူနိုက်တက်

အဓိက ကစားသမား ၃ ဦးကြောင့် ယူနိုက်တက်လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခြင်းဖြစ်တယ်လို့ပြောကြားလာတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ယခုရာသီမှာ အသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်လည်ချီတက်လာနိုင်ခြင်းမှာ ဂိုးသမား ဆန်နီလမ်မန်းစ်၊ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုနဲ့ နောက်ခံလူ ဒီလစ်ချ်တို့ကြောင့်ဖြစ်တယ်လို့ သုံးသပ်ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလနဲ့ ယခုနိုဝင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲကစားခဲ့ရာမှာ ၃ ပွဲအထိနိုင်ပြီး ၂ ပွဲသရေကျထားခဲ့တာကြောင့် ရှုံးပွဲတွေကို ရှောင်လွှဲလာနိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆက်စ်ကိုကို အလန်ရှီးယားဝေဖန်

တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အခွင့်အရေးတွေဖြုန်းတီးခဲ့တဲ့ ဆက်စ်ကိုကို အလန်ရှီးယားဝေဖန်

အင်္ဂလန်လက်ရွေးစင်ကစားသမား‌ဟောင်း အလန်ရှီးယားက စနေနေနေ့က တော့တင်ဟမ်ကို ၂-၂ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေရခဲ့ပေမဲ့ ဖြုန်းတီးပစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရိုဒရီအတွက် စိတ်ရှည်ဖို့ ဂွါဒီယိုလာ တိုက်တွန်း

ဒဏ်ရာကနေပြန်လာမဲ့ ရိုဒရီအတွက် စိတ်ရှည်ဖို့ ဂွါဒီယိုလာ တိုက်တွန်း

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကွင်းလယ်လူ ရိုဒရီအပေါ် စိတ်ရှည်သည်းခံဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။ ရိုဒရီဟာ မကြာခင် အကောင်းဆုံးပုံစံကို ပြန်ရောက်လာမှာသေချာပေမဲ့ ရေရှည်ဒဏ်ရာကနေ ပြန်လာတာဖြစ်လို့ ဂရုစိုက်ပြီး ကိုင်တွယ်ရမယ်လို့လည်း သတိပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ကစားသမားတွေအမြန်ဆုံးပြန်လာဖို့လိုအပ်-အာတီတာ

ကစားသမားတွေ အမြန်ဆုံးပြန်လာဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်တဲ့ အာတီတာ

အဝေးကွင်းသရေပွဲစဉ်အပြီး ကစားသမားတွေ အမြန်ဆုံးပြန်လာဖို့လိုအပ်နေပြီလို့ ပြောဆိုလိုက်တဲ့ အာတီတာ အာဆင်နယ်နည်းပြအာတီတာက ဆန်းဒါးလန်းနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့အဝေးကွင်းပွဲစဉ်အပြီး လက်ရှိကြုံတွေ့နေရတဲ့ တိုက်စစ်ပိုင်းအကျပ်အတည်းနဲ့ပတ်သက်လို့ နိုင်ငံတကာသီတင်းပတ်အပြီးမှာ သူ့ရဲ့အသင်းဆီ ကစားသမားတွေ မဖြစ်မနေပြန်လာဖို့ လိုအပ်နေပြီလို့ အလေးပေးပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အင်္ဂလန်မှာ ဆက်ရှိနိုင်တယ်လို့ အရိပ်အမြွက်ဖွင့်ဟလာတဲ့ တူချယ်

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အင်္ဂလန်မှာ ဆက်ရှိနိုင်တယ်လို့ အရိပ်အမြွက်ဖွင့်ဟလာတဲ့ တူချယ်

အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်က ၂၀၂၆ ကမ္ဘာ့ဖလားအပြီး အင်္ဂလန်အသင်းကို ဆက်လက်တာဝန်ယူသွားနိုင်ကြောင်း ဝန်ခံလိုက်ပါတယ်။ ဒါပေမဲ့ အနာဂတ်ကို အခုအချိန်မှာ အရေးတကြီး စဉ်းစားမနေသေးဘူးလို့လည်း အခိုင်အမာ ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်