သတင်းတွေအရ အယ်လ်နာဆာအသင်းဟာ နည်းပြ ပီအိုလီနေရာအတွက် စပယ်လက်တီကို မြင့်မားတဲ့လုပ်ခလစာနဲ့ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ စပယ်လက်တီဟာ အယ်လ်နာဆာနည်းပြသစ်ဖြစ်လာနိုင်ချေရှိနေတယ်လို့ ဒယ်လိုစပေါ့တ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဆော်ဒီကလပ်ဟာ ပီအိုလီနေရာအတွက် အစားထိုးမဲ့နည်းပြရှာဖွေနေတာဖြစ်ပြီး စပယ်လက်တီကို မြင့်မားတဲ့လုပ်ခလစာနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
စပယ်လက်တီဟာ အီတလီနည်းပြနေရာအတွက် မန်ချီနီနေရာမှာ အစားဝင်ခဲ့ပေမဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်လွဲချော်ခဲ့ပြီးနောက်မှာ နုတ်ထွက်ရဖို့နီးစပ်လာခဲ့ပါတယ်။ ဒါပေမဲ့ အီတလီဟာ အဲ့နောက်ပိုင်းမှာလည်း တိုးတက်လာခြင်းမရှိသေးပဲ ယူရို ၂၀၂၄ မှာလည်း ၁၆ သင်းအဆင့်မှာတင် ထွက်ခွာခဲ့ရပါတယ်။ ပြီးခဲ့တဲ့စနေနေ့တုန်းကလည်း အီတလီအသင်းဟာ နော်ဝေအသင်းကို ၃ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပြီးနောက်မှာ စပယ်လက်တီတစ်ယောက် အထုတ်ခံခဲ့ရပါတယ်။
စပယ်လက်တီဟာ ၂၀၂၂ – ၂၃ မှာ နာပိုလီအသင်းနဲ့အတူ စီးရီးအေချန်ပီယံဖြစ်ခဲ့ပြီးနောက် အီတလီနည်းပြအဖြစ် ကနဦးခန့်အပ်ခံခဲ့ရပါတယ်။ အသက် ၆၆ နှစ်သားဟာ လက်ရှိအချိန်မှာ အယ်လ်နာဆာအသင်းနည်းပြဖြစ်လာဖို့များနေပြီး ရော်နယ်ဒိုကလည်း အသင်းမှာဆက်နေမယ်လို့ အတည်ပြုထားခဲ့ပါတယ်။
Source : goal.com