Emily In Paris ကြယ်ပွင့် လီလီကောလင်း အငှားကိုယ်ဝန်ဆောင်နဲ့ သားဦးမွေးဖွား

Emily In Paris ကြယ်ပွင့် လီလီကောလင်း

နာမည်ကျော် Netflix ဇာတ်လမ်းတွဲ “Emily In Paris” ရဲ့ ကြယ်ပွင့် အသက်(၃၅)နှစ်အရွယ် လီလီကောလင်းဟာ ဖေဖော်ဝါရီ(၁)ရက်မှာ အငှားကိုယ်ဝန်နဲ့ရရှိတဲ့ သားဦးကလေးပုံကို Instagram မှဝေမျှပြီး မိခင်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကောလင်းက “ကျွန်မတို့ ကမ္ဘာမှကြိုဆိုပါတယ် တော့ဂျိန်းမက်ဒိုဝယ်လ် (Tove Jane McDowell)” ဆိုတဲ့ကပ်ပရှင်နဲ့အတူ သားဦးလေးရဲ့ နာမည်ကို ရည်ညွှန်းပြီး အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ဒါ့ပြင် အငှားကိုယ်ဝန် ခရီးလမ်းတစ်လျှောက် ကူညီပေးခဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်းလည်း သူမက ပြောကြားခဲ့ပါတယ်။ ကလေးရဲ့ မွေးသက္ကရာဇ်နဲ့ အခြားအသေးစိတ်အချက် အလက်တွေကိုတော့ မသိရသေးပါဘူး။

အင်္ဂလိပ်ဂီတပညာရှင် ဖေးလ်ကောလင်းရဲ့သမီးဖြစ်သူ လီလီကောလင်းဟာ ၂၀၁၉ ခုနှစ်က ထွက်တဲ့ “Gilded Rage” ဇာတ်ကားမှာ အသက်(၄၁)နှစ်အရွယ် ခင်ပွန်းဖြစ်သူ မက်ဒိုဝဲလ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၎င်းတို့စုံတွဲဟာ ၂၀၂၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Source : www.bbc.com

Leave a Reply

Your email address will not be published. Required fields are marked *