လက်ရှိ အဲဗာတန်မှာကစားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း အက်ရှ်လေယန်းက အဲရစ်တန်ဟက်ရဲ့အသင်းဟာ စည်းလုံးမှုပျောက်ဆုံးနေပြီး ကွင်းထဲမှာခေါင်းဆောင်မရှိဘူးလို့ ပြစ်ပြစ်နှစ်နှစ်ဝေဖန်လာခဲ့ပါတယ်။
တနင်္ဂနွေနေ့ညက ယူနိုက်တက်ဟာ အဲဗာတန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၀- ၃ နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေ အများအပြားကြုံတွေ့နေရသလို မန်နေဂျာအဲရစ်တန်ဟက်အနေနဲ့ ရာထူးကနေထုတ်ပယ်ခံရနိုင်တယ်လို့ ယူဆမှုတွေလည်းရှိနေပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ရဲ့ ခံစစ်ကစားပုံညံ့ဖျင်းမှုကြောင့် တော့တင်ဟမ်တို့ စောစောစီးစီးဦးဆောင်ဂိုးရခဲ့ပြီး ၄၂ မိနစ်မှာတော့ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ဒုတိယပိုင်းကို ကစားသမား ၁၀ ယောက်တည်းနဲ့ယှဉ်ပြိုင်ခဲ့ရတဲ့ယူနိုက်တက်အတွက် အနိုင်ရလဒ်ကို ပြန်လည်ရယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ အက်ရှ်လေယန်းကတော့ အသင်းရဲ့ကစားသမားတွေဟာ ကြိုးစားလိုစိတ်ကင်းမဲ့နေကြတယ်လို့ ဝေဖန်လာခဲ့ပါတယ်။
ယန်းက “ယူနိုက်တက်မှာ နိုင်ပွဲအတွက် အာမခံချက်မရှိတော့ပါဘူး။ ကစားသမားတွေကလည်း ကြိုးစားအားထုတ်မှုပျောက်ဆုံးနေပြီး ဘယ်သူမှမပြေးကြပါဘူး။ ကွင်းထဲမှာ ခေါင်းဆောင်ပျောက်ဆုံးနေပါတယ်။ ကစားကွက်တိုင်းကလည်း အဆက်အစပ်မရှိပါဘူး။ ကစားသမားတွေက ကွင်းတစ်ကွင်းလုံးမှာ တစ်ယောက်တစ်နေရာစီဖြစ်နေကြပါတယ်။ ဘယ်သူမှဘောလုံးမလိုချင်သလို၊ အခွင့်အရေးဖန်တီးဖို့လည်း စိတ်ပါပုံမရပါဘူး။ ဒီပွဲရဲ့ အစကနေ အဆုံးအထိ တစ်ပွဲလုံးညံ့ဖျင်းခဲ့ပါတယ်”
“ပထမပိုင်းကိုကြည့်မယ်ဆိုရင်လည်း ဘယ်သူက အိမ်ရှင်လဲဆိုတာ မေးခွန်းထုတ်ရမယ့်ပုံပါပဲ။ တော့တင်ဟမ်က ပွဲကိုသက်တောင့်သက်သာပဲကစားခဲ့ပြီး ယူနိုက်တက်ကတော့ ကစားပုံ ဖရိုဖရဲနဲ့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ တော့တင်ဟမ်ရဲ့ကွင်းလယ်လူ နှစ်ယောက်က ဒီပွဲမှာ ဘာအခက်အခဲမှတောင် တွေ့ခဲ့ပုံမရပါဘူး။ တော့တင်ဟမ်ရဲ့အိမ်ကွင်းမှာသွားကန်ရသလိုဖြစ်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ ယူနိုက်တက်ကိုစိတ်ပျက်နေတာ ဖြစ်သင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
Source : tribalfootball.com
#xda77 #xda77digital #အက်ရှ်လေယန်း #အဲရစ်တန်ဟက် #မန်ချက်စတာယူနိုက်