Netflix စီးရီး ‘Gyeongseong Creature Season 2′ သည် ကမ္ဘာတစ်ဝှမ်းရှိ ကြည့်ရှုသူအများအပြား၏ အာရုံစူးစိုက်မှုများကို ရရှိခဲ့ပြီး တစ်ကမ္ဘာလုံးတွင် အဆင့်(၅)နေရာထိ ရောက်ရှိခဲ့ပါတယ်။
‘Gyeongseong Creature Season 2’ ကို စက်တင်ဘာလ(၂၇)ရက်တွင် စတင်ရုံတင်ပြသခဲ့ပြီး FlixPatrol ၏ နောက်ဆုံးရဒေတာအချက်အလက်များအရ စက်တင်ဘာလ(၃၀)ရက်တွင် ကမ္ဘာလုံး ဆိုင်ရာထိပ်တန်း တီဗီရှိုးများအမျိုးအစားတွင် အဆင့်(၄)နေရာထိ ရောက်ရှိလာခဲ့ပါတယ်။

‘Gyeongseong Creature Season 2 စီးရီးသည် ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ကာတာ၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံများတွင် လူကြိုက်အများဆုံးစီးရီး အဖြစ် ရပ်တည်ခဲ့ပြီး အာရှတိုက် နှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် အထူးရေပန်းစားသည့် စီးရီးဖြစ်လာခဲ့ပါတယ်။
အဆိုပါစီးရီးသည် တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဘာရိန်း၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ ကနေဒါ၊ ကိုလံဘီယာ၊ အီတလီ၊ မက္ကဆီကို၊ ဂျပန် နှင့် နယူးဇီလန်တို့အပါအဝင် နိုင်ငံပေါင်း(၇၇)နိုင်ငံတွင် ထိပ်တန်း စီးရီး(၁၀)ခုအတွင်း ပါဝင်ခဲ့ပါတယ်။
‘Gyeongseong Creature’ season 1သည် Season 2 မထွက်မီကာလအတွင်း ပရိသတ်များက ပြန်လည်ကြည့်ရှုမှုနှင့်အတူ ကြည့်ရှုသူအများအပြားရှိခဲ့ကြောင်းလည်း သိရသည်။ ပြန်လည်ကြည့်ရှုသူ အများအပြားရှိခဲ့မှုနှင့်အတူ ‘Gyeongseong Creature’ season 1 သည် “Top 10 in Korea Today” စာရင်းတွင် ပြန်လည်ပါဝင်လာခဲ့ကြောင်းလည်း သိရှိရကြောင်းပါ။
#xda77 #xda77digital #Netflixစီးရီး #GyeongseongCreature