ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ကွင်းလယ်ကြယ်ပွင့် ပီဒရီဟာ အသင်းရဲ့ကစားကွက်မှာ အလွန်အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း ရှင်းပြလာခဲ့ပြီး စပိန်သားရဲ့ခြေစွမ်းဟာ တစ်ပွဲပြီးတစ်ပွဲ ပိုမိုကောင်းမွန်လာတယ်လို့ ချီးကျူးခဲ့ပါတယ်။
တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာဟာ ရီးရဲလ်ဆိုစီဒက်ကို ၂-၁ နဲ့အနိုင်ရခဲ့တာကြောင့် ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကိုကျော်ဖြတ်ပြီး ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် လာလီဂါအမှတ်ပေးဇယားကို စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရီးရဲလ်ဟာ အက်သလက်တီကိုကို ၅-၂ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ယခုအခါမှာ ဘာစီလိုနာရဲ့ဖြတ်ကျော်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ယခုဆိုစီဒက်နဲ့ပွဲစဉ်မှာ ဘာစီလိုနာအနေနဲ့ သေချာပေါက်အနိုင်ရဖို့ လိုအပ်ခဲ့ပေမဲ့ ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးမှာ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဆိုစီဒက်အတွက်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၁ မိနစ်မှာ အိုဒရီရိုဇိုလာက သွင်းယူပေးခဲ့ပေမယ့် ဘာစီလိုနာအတွက် ကွန်ဒီနဲ့ လီဝန်ဒေါစကီးတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်က ထောင့်ကန်ဘောမှတစ်ဆင့် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သလို၊ လူငယ်ကြယ်ပွင့်လာမိုင်းယာမယ်လ်ကလည်း လူးစားလဲဝင်ရောက်ကစားပြီး ဖန်တီးမှုပြုလုပ်နိုင်ခဲ့တာကြောင့် ဂိုးပြတ်အနိုင်မရခဲ့ပေမဲ့ ဘာစီလိုနာအတွက် အပြုသဘောဆောင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။
ယခုပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ ပီဒရီကရရှိခဲ့တာဖြစ်ပြီး စပိန်လက်ရွေးစင်ဟာ ဖရန်ကီဒီဂျောင်နဲ့အတူ ကွင်းလယ်မှာတွဲဖက်ပြီး ဘာစီလိုနာရဲ့ကစားကွက်ကို အဓိကထိန်းချုပ်ပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဖလစ်က “ပီဒရီက အရမ်းထူးခြားတဲ့ကစားသမားပါ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ပိုပြီးတော့ကောင်းလာခဲ့ပါပြီ။ အသင်းအတွက် အရမ်းအရေးပါတဲ့ကစားသမားပါ။ ကွင်းထဲမှာ သူနေရာစုံလိုက်ကစားပြီး ကစားကွက်ကို ထိန်းချုပ်ပေးနိုင်ခဲ့ပါတယ်။ နေရာယူတဲ့အပိုင်းမှာလည်း သူက ဘယ်နေရာမှာရှိနေရမယ်ဆိုတာ ကောင်းကောင်းသိနေပါတယ်။ သူနဲ့ ဒီဂျောင်တို့တွဲဖက်ပြီး အသင်းရဲ့ကစားပုံကို ထိန်းချုပ်ပေးထားပါတယ်။ ဒီပွဲမှာ သူတို့နှစ်ယောက်ရဲ့အတွက်အဖက်ကို ကျွန်တော်အရမ်းသဘောကျပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပီဒရီဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပွဲစဉ် ၃၇ ပွဲအထိပါဝင်ကစားခဲ့သူဖြစ်ပြီး ယခု ၂၀၂၅-၂၆ ရာသီမှာလည်း ဘာစီလိုနာရဲ့ပြိုင်ပွဲစုံ ပွဲစဉ်တိုင်းကို ပွဲထွက်ကစားခွင့်ရထားပါတယ်။ စပိန်သားဟာ ဒီရာသီ ဘာစီလိုနာရဲ့ပွဲစဉ် ၈ ပွဲအတွင်း ပွဲစဉ်တိုင်းကို ပွဲထွက်ပါဝင်ခွင့်ရထားတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး ကြာသပတေးနေ့ ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဆက်လက်ခြေစွမ်းပြသွားဖွယ်ရှိပါတယ်။
Source : www.football-espana.net
လာလီဂါကြီးနောက်ဆုံးပွဲပေါ့! ဘာစီလိုနာလည်း အလှပင်မွေးတယ်လား ဟုတ်တယ်လည်း မေးမြန်းပါ။ ပီဒရီလည်း ဘယ်လိုကောင်းနေတယ်ဆိုတာ အမှန်မှာ သူ့ကောင်းနေတယ်ပါပဲ။ ဒါကြောင့် စပိန်လက်ရွေးစင်ကိုလည်း မြင်းစီးတဲ့ကျွန်တော်အရမ်းကောင်းတယ်လို့ ချီးကျူးပါ။ အချိန်ကိုလည်း သုံးစွဲတဲ့အရာက ပြီးချဲ့မယ်လား သိပါတယ်။ လာလီဂါကြီးလည်း အလှပင်ဖြစ်တယ်လား မေးမြန်းပါ!