အမ်ဘာပေ 2026 ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု

ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင် ရရှိသည့် ပထမဆုံးကစားသမားအဖြစ် အမ်ဘာပေ မှတ်တမ်းဝင်၊ ရိုဒရီ အကောင်းဆုံးကစားသမားဆု ဆွတ်ခူး

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းသူဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အမ်ဘာပေ ဟာ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
လာမင်း ယာမားလ် ကမ္ဘာ့ဖလား ဂိုး

လူငယ်ကြယ်ပွင့် လာမင်း ယာမားလ် ရဲ့ ခြေစွမ်းအပေါ် အံ့ဩမဆုံးဖြစ်ပြီး ချီးကျူးစကားဆိုလိုက်တဲ့ ဝိန်း ရွန်းနီ

ဘာစီလိုနာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး လာမင်း ယာမားလ် ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆော်ဒီအာရေဗျ အသင်းကို ၄-ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ စပိန် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသပေးခဲ့ပြီးနောက် ဝိန်း ရွန်းနီ က ၎င်းအပေါ် အလွန်အမင်း ချီးကျူးစကား ဆိုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗိုဇင်ညာ ကမ္ဘာ့ဖလား သမိုင်းဝင်ပွဲ

ကိတ်ဗာဒီ အသင်းရဲ့ သမိုင်းဝင် ပထမဆုံး ကမ္ဘာ့ဖလားပွဲဦးထွက်မှာ စွမ်းဆောင်ရည်ပြပြီး မျက်ရည်ကျခဲ့ရတဲ့ အသက် ၄၀ အရွယ် ဂိုးသမားကြီး ဗိုဇင်ညာ

အတ္တလန်တာ ကွင်းကြီးအတွင်းမှာ ပွဲသိမ်းခရာမှုတ်သံ ထွက်ပေါ်လာတဲ့အချိန်မှာတော့ ကင်မရာတွေအားလုံးက ကိတ်ဗာဒီ အသင်းရဲ့ ဂိုးသမား ဗိုဇင်ညာ ဆီကို အလိုအလျောက် ရောက်ရှိသွားခဲ့ကြပါတယ်။

အပြည့်အစုံဖတ်ရန်
လာမင်း ယာမားလ် စပိန် ကမ္ဘာ့ဖလားပွဲစဉ်

ကိတ်ဗာဒီနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ လာမင်း ယာမားလ် ပါဝင်ကစားနိုင်မဲ့ အခြေအနေရှိနေကြောင်း နည်းပြ လူဝီ ဒီလာဖွန်တေ အတည်ပြု

လာမဲ့တနင်္လာနေ့မှာ ကစားမဲ့ စပိန် အသင်းရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ဖြစ်တဲ့ ကိတ်ဗာဒီ အသင်းနဲ့ပွဲမှာ တိုက်စစ်မှူး လာမင်း ယာမားလ် အနေနဲ့ ပါဝင်ကစားဖို့ အကောင်းဆုံးကြံ့ခိုင်မှု အခြေအနေမှာ ရှိနေတယ်လို့ နည်းပြ လူဝီ ဒီလာဖွန်တေ က ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
နည်းပြသစ်အဖြစ် အာဘီလိုအာ တာဝန်ယူမယ်

နည်းပြသစ်အဖြစ် အာဘီလိုအာ တာဝန်ယူမယ်လို့ အတည်ပြုကြေညာလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာကို ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲအပြီး ဇာဘီအလွန်ဆိုနဲ့လမ်းခွဲကာ အာဘီလိုအာကို နည်းပြသစ်အဖြစ် တာဝန်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မန်စီးတီးကြယ်ပွင့်တွေကို သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးကြယ်ပွင့်တွေကို ပွဲတော်ကာလ အလွန်အကျွံသောက်စားမှုမလုပ်ဖို့ သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကစားသမားတွေကို ခရစ္စမတ်မှာ ကိုယ်အလေးချိန်စစ်ဆေးမှာဖြစ်ပြီး ဝိတ်ပိုနေတဲ့သူတွေကို အသင်းကနေ ချန်လှပ်ထားမယ်လို့ သတိပေးခဲ့ပါတယ်။ လူအများစုအတွက် ပွဲတော်ကာလဟာ အစားအသောက်နဲ့ အချိုရည်တွေ အလွန်အကျွံစားသုံးတဲ့အချိန်ဖြစ်ပေမဲ့ ဂွါဒီယိုလာက ကစားသမားတွေကို သွေးဆောင်မှုမခံယူဖို့ သတိပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပရီးမီးယားလိဂ်အသင်းတွေဟာ စတုတ်စီးတီးလမ်းစဉ်လိုက်လာကြ

ပရီးမီးယားလိဂ်အသင်းတွေဟာ စတုတ်စီးတီးလမ်းစဉ်လိုက်လာကြတယ်လို့ ဂွါဒီယိုလာပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်အသင်းတော်တော်များများဟာ စတုတ်စီးတီးလမ်းစဉ်ကို လိုက်လာကြပြီး တိုနီပူးလစ်ရဲ့နည်းစနစ်အဟောင်းကို အသုံးပြုလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။ စပိန်သားက ပရီးမီးယားလိဂ်အသင်းတွေဟာ ပူးလစ်ရဲ့နည်းစနစ်ကို ချစ်မြတ်နိုးလာပြီး စကေးလ် နဲ့ ဘောလုံးပိုင်ဆိုင်မှုထက် လက်ပစ်ဘော နဲ့ တည်ကန်ဘောတွေကို အားထားလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
၂၀၃၅ ခုနှစ်အထိ နည်းပြလုပ်နေဦးမဲ့ ပက်ဂွါဒီယိုလာ

၂၀၃၅ ခုနှစ်အထိ နည်းပြလုပ်နေဦးမဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက ၂၀၃၅ ခုနှစ်မတိုင်ခင်အထိ နည်းပြအလုပ်ကနေ အနားယူမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ မန်စီးတီးအသင်းရဲ့ လေ့လာသုံးသပ်သူဟောင်း ကာလီပလန်ချတ်က နည်းပြအနေနဲ့ အနားယူသင့်တယ်လို့ အကြံပြုခဲ့တဲ့အပေါ် ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အီတီဟတ်မှာ ၉ ရာသီကြာနည်းပြလုပ်ကိုင်နေတဲ့ ပက်ဂွါဒီယိုလာက အသင်းကိုခေတ်သစ်ဆီသို့ ဦးဆောင်နိုင်ဖို့အတွက် စိတ်အားထက်သန်မှုတွေရှိနေသေးတယ်လို့ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်စတား ဟာဂျယ်ဆန်

အယ်လ်ကလက်ဆီကိုပွဲကို လွဲချော်နိုင်ချေများနေတဲ့ ရီးရဲလ်စတား ဟာဂျယ်ဆန်

သတင်းတွေအရ ရီးရဲလ်အသင်းနောက်ခံလူ ဟာဂျယ်ဆန်တစ်ယောက် လာမဲ့အယ်လ်ကလက်ဆီပွဲကို လွဲချော်နိုင်ချေများနေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ လုပ်ဆောင်နေရပါတယ်။ အဓိကနောက်ခံလူတွေဖြစ်တဲ့ ကာဗာဂျယ် နဲ့ အာနိုးလ်တို့ဒဏ်ရာရနေချိန်မှာ အခုဟာဂျယ်ဆန်ပါထပ်မံဒဏ်ရာရခဲ့တာကြောင့် ရီးရဲလ်အတွက် ခက်ခဲတော့မှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယာမယ်လ်ကို ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ပြိုင်ဘက် ယာမယ်လ်ကို မီဒီယာဝေဖန်မှုတွေကနေ ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေက ပြိုင်ဘက် ဘာစီလိုနာကစားသမား လမိုင်းယာမယ်လ်အတွက် ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်