ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင် ရရှိသည့် ပထမဆုံးကစားသမားအဖြစ် အမ်ဘာပေ မှတ်တမ်းဝင်၊ ရိုဒရီ အကောင်းဆုံးကစားသမားဆု ဆွတ်ခူး

အမ်ဘာပေ 2026 ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းသူဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အမ်ဘာပေ ဟာ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပြင်သစ် တိုက်စစ်မှူးဟာ ပြိုင်ပွဲတစ်ခုလုံးမှာ ရှစ်ပွဲကစား၊ ၁၀ ဂိုးအထိ သွင်းယူခဲ့ပြီး လိုင်ယွန်နယ် မက်ဆီ နဲ့ အပြိုင်ဖြစ်ခဲ့တဲ့ ဂိုးသွင်းဘုရင်လုပွဲကို အနိုင်ရရှိခဲ့တာပါ။ ကာတာ ၂၀၂၂ မှာတုန်းကလည်း ရှစ်ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ အမ်ဘာပေ ဟာ အခုဆိုရင် ကမ္ဘာ့ဖလား ပြိုင်ပွဲနှစ်ခုဆက်တိုက် ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမ်ဘာပေ ဟာ ၁၉၇၀ ကမ္ဘာ့ဖလား မှာ အနောက်ဂျာမနီ အတွက် ဂတ် မူလာ သွင်းယူခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုထဲမှာ ဂိုးရေ နှစ်ဂဏန်းအထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

၁၉၅၈ တုန်းက ပြင်သစ် အတွက် ၁၃ ဂိုး သွင်းခဲ့တဲ့ ဂျက်ဖွန်တိန်း နဲ့ ၁၉၅၄ မှာ ဟန်ဂေရီ အတွက် ၁၁ ဂိုး သွင်းခဲ့တဲ့ ဆန်ဒေါ ကိုဆစ်ချ် တို့နှစ်ဦးသာ ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုထဲမှာ သူ့ထက် ဂိုးပိုမို သွင်းယူနိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။ အမ်ဘာပေ ဟာ ကမ္ဘာ့ဖလား တစ်လျှောက် စုစုပေါင်း ၂၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်လို့ မက်ဆီ ထက် တစ်ဂိုးပိုများကာ အမျိုးသား ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူသူအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါပြီ။

ကမ္ဘာ့ဖလား ချန်ပီယံ စပိန် အသင်းကတော့ ကျန်တဲ့ဆုအများစုကို သိမ်းပိုက်သွားခဲ့ပြီး အသင်းခေါင်းဆောင် ရိုဒရီ က ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ တတိယလုပွဲမှာ ပြင်သစ် အသင်းအနေနဲ့ အင်္ဂလန် ကို ၆-၄ နဲ့ ရှုံးနိမ့်ပြီး စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပေမဲ့ အမ်ဘာပေ ကတော့ နှစ်ဂိုး သွင်းယူကာ မက်ဆီ ကို အပြတ်အသတ် ဖြတ်ကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား လို ပြိုင်ပွဲမျိုးမှာ ဒီလောက်အထိ ဂိုးတွေ အများကြီးသွင်းယူနိုင်ခဲ့တာဟာ ကိုယ့်ကို တကယ်ပဲ အဆင့်အသစ်တစ်ခုကို ပို့ဆောင်ပေးလိုက်တာပါ” လို့ မိုင်ယာမီမှာ ကစားခဲ့တဲ့ စနေနေ့ပွဲအပြီးမှာ သူက ပြောကြားခဲ့ပါတယ်။ “ဒါပေမဲ့ ဂိုးအများဆုံး သွင်းယူသူ မဖြစ်ခဲ့ရင်တောင်မှ ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့် ရချင်ခဲ့တာပါ။ ကစားသမားဘဝကနေ အနားယူသွားတဲ့အခါ စံချိန်ကောင်းတစ်ခုအဖြစ် ကျန်ခဲ့မှာမှန်ပေမဲ့ အခုအချိန်မှာတော့ ဒါကို ပျော်နေရမဲ့အချိန် မဟုတ်သေးပါဘူး” လို့လည်း သူက ဆိုခဲ့ပါတယ်။

အမ်ဘာပေ ဟာ အုပ်စုအဆင့်မှာ ဆီနီဂေါ နဲ့ အီရတ် တို့ကို နှစ်ဂိုးစီ သွင်းယူခဲ့သလို ၃၂ အသင်းအဆင့်မှာလည်း ဆွီဒင် ဘက်ကို ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၁၆ အသင်းအဆင့်မှာ ပါရာဂွေး နဲ့ ပွဲစဉ်မှာ မိနစ် ၇၀ မှာ ရရှိခဲ့တဲ့ အနိုင်ပင်နယ်တီအပါအဝင် ကွာတားဖိုင်နယ်မှာ မော်ရိုကို ဘက်ကိုလည်း ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးကို မက်ဆီ အနေနဲ့ ဟက်ထရစ်သွင်းပြီး ကျော်တက်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ပါသေးတယ်။ သို့သော်လည်း အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မက်ဆီ ရဲ့ အာဂျင်တီးနား အသင်းဟာ နယူးဂျာစီမှာ ကစားခဲ့တဲ့ပွဲမှာ စပိန် ကို ၁-ဝ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဂိုးမသွင်းနိုင်ခဲ့ဘဲ ရှစ်ပွဲမှာ ရှစ်ဂိုးနဲ့သာ ပြိုင်ပွဲကို အဆုံးသတ်ခဲ့ရပါတယ်။

အင်္ဂလန် တိုက်စစ်ကစားသမား ဂျူးဒ် ဘယ်လင်ဟမ် နဲ့ နော်ဝေး တိုက်စစ်မှူး ဟာလန်း တို့က ခုနစ်ဂိုးစီ သွင်းယူခဲ့ကြပြီး ပြင်သစ် တိုက်စစ်မှူး ဥစမာန် ဒမ်ဘီလီ နဲ့ အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီ ကိန်း တို့ကတော့ ခြောက်ဂိုးစီနဲ့ သူတို့ရဲ့ နောက်မှာ အစဉ်လိုက် ရပ်တည်ခဲ့ကြပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *