အမ်ဘာပေ 2026 ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု

ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင် ရရှိသည့် ပထမဆုံးကစားသမားအဖြစ် အမ်ဘာပေ မှတ်တမ်းဝင်၊ ရိုဒရီ အကောင်းဆုံးကစားသမားဆု ဆွတ်ခူး

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းသူဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အမ်ဘာပေ ဟာ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပြင်သစ်နဲ့ ပါရာဂွေး အမ်ဘာပေ ပင်နယ်တီ

အမ်ဘာပေ ရဲ့ ပင်နယ်တီဂိုးနဲ့ ပါရာဂွေး ကို အနိုင်ယူပြီး ပြင်သစ် ကွာတားဖိုင်နယ် တက်ရောက်

ဖီလာဒဲလ်ဖီးယား မှာ ကစားခဲ့တဲ့ အကြိတ်အနယ်ရှိလှတဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာ အမ်ဘာပေ ရဲ့ ပွဲချိန် ၇၀ မိနစ် ပင်နယ်တီဂိုးနဲ့အတူ ပြင်သစ် က ပါရာဂွေး ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်မှာ မော်ရိုကို နဲ့ ဆုံတွေ့ဖို့ ရှိနေပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ ကမ္ဘာ့ဖလား စံချိန်

ဆွီဒင်ကို အပြတ်အသတ်နိုင်ပြီး ကမ္ဘာ့ဖလား စံချိန်သစ်တင်လိုက်တဲ့ အမ်ဘာပေ

ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေ ဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းတဲ့ စံချိန်သစ်ကို ချိုးဖျက်နိုင်ခဲ့ပြီး စံချိန်တင် ဂိုးသွင်းရှင် မက်ဆီ ရဲ့ စံချိန်ကို လိုက်မီဖို့ ၁ ဂိုးပဲ လိုပါတော့တယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က နယူးဂျာစီ ပြည်နယ်၊ အီးစ်တ် ရူသာဖို့ဒ် ရှိ MetLife ကွင်း မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အမ်ဘာပေ ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ပြင်သစ် အသင်းက ဆွီဒင် အသင်းကို ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ နှင့် ဟာလန်း

အမ်ဘာပေ နှင့် ဟာလန်း ကမ္ဘာ့ဖလားမှာ ဘယ်သူက မိမိနိုင်ငံအတွက် ပိုပြီးအရေးပါသလဲ

ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ အမ်ဘာပေ နဲ့ ဟာလန်း တို့ဟာ သောကြာနေ့မှာ ဘော့စတွန်ကွင်းအတွင်း ထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပြင်သစ် အသင်းက အမ်ဘာပေ နဲ့ နော်ဝေ အသင်းက ဟာလန်း တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာပါ။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြလိမ့်မယ်လို့ အာစင်ဝင်းဂါး ယုံကြည်

ရီးရဲလ်မက်ဒရစ်မှာ ဝေဖန်ခံနေရတဲ့ အမ်ဘာပေ ကို ကာကွယ်ပြောဆိုပြီး ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြလိမ့်မယ်လို့ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး ယုံကြည်

အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဒုတိယမြောက် ရာသီကို ရုန်းကန်ဖြတ်သန်းနေရပြီး မတရား ဝေဖန်တိုက်ခိုက်ခံနေရတဲ့ တိုက်စစ်မှူး အမ်ဘာပေ ဘက်ကနေ မတ်တပ်ရပ် ကာကွယ်ပြောဆိုလိုက်ပါတယ်။ ဒီဂန္ထဝင်နည်းပြကြီးရဲ့အမြင်အရ ပြင်သစ်တိုက်စစ်မှူးဟာ ဘာနေဗျူး ကွင်းမှာ ဓားစာခံအဖြစ် လုပ်ကြံသတ်မှတ်ခံနေရတာဖြစ်ပြီး လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သူ့ရဲ့ခြေစွမ်းအမှန်တွေ ပေါက်ကွဲထွက်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယမ်အမ်ဘာပေဟာ ကြာသပတေးနေ့နံနက်က အိုလံပီယာကော့စ်ကို ၃-၄ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ပထမပိုင်းအတွင်း ၃ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည့် အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည်ဟု အမ်ဘာ ပေကတိပြု

ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

အယ်လ်ကလက်စီကိုနိုင်ပွဲရယူရန် ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်အသင်းဟာ တနင်္ဂနွေနေ့မှာ ဘာစီလိုနာအသင်းနဲ့ကစားမဲ့ အရေးပါတဲ့ပွဲစဉ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ၅ မှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အမ်ဘာပေက စပိန်မြို့တော်ကိုပြောင်းရွှေ့ခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို ပထမဆုံးအကြိမ်အနိုင်ရရှိဖို့ ကြိုးစားနေပါတယ်။ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ နည်းပြ ဟန်စီဖလစ်ခ်ရဲ့ပွဲဦးထွက်ရာသီမှာ ဘာစီလိုနာအသင်းကို ၄ ကြိမ်ရှုံးနိမ့်ခဲ့တာကြောင့် အဲဒီရာသီမှာ ပြည်တွင်းဖလား ၃ လုံးကို ဘာစီလိုနာအသင်းက ရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
တိုက်စစ်မှူး အမ်ဘာပေ

ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးသွင်းနိုင်ပါတယ်လို့ ပြောကြားလိုက်တဲ့ တိုက်စစ်မှူး အမ်ဘာပေ

နိုင်ငံအသင်းအတွက် ထာဝရဂိုးအများဆုံးသွင်းသူဖြစ်လာဖို့ ၆ ဂိုးသာ လိုအပ်တော့တဲ့ ကီလီယန် အမ်ဘာပေက သောကြာနေ့မှာ ကစားမဲ့ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အဇာဘိုင်ဂျန်နဲ့ပွဲ) မတိုင်ခင်မှာ “ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးသွင်းနိုင်တယ်” လို့ ယုံကြည်ချက်ရှိရှိ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်က လာလီဂါမှာ ရီးရဲလ် မက်ဒရစ်က ဗီလာရီးရဲလ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်မှာ သာမန်ဒဏ်ရာအသေးစား ရရှိခဲ့တာကြောင့် ဒီပွဲကို သူပါဝင်ကစားနိုင်ဖို့ကတော့ မသေချာသေးပါဘူး။

အပြည့်အစုံဖတ်ရန်
ဒမ်ဘီလီရဲ့ ဘော်လွန်းဒီအော်ဆုအောင်မြင်မှု

ဒမ်ဘီလီရဲ့ ဘော်လွန်းဒီအော်ဆုအောင်မြင်မှု အဓိကအကြောင်းအရင်းကို ဂျီရော့ဒ် ရှင်းလင်း

အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျီရော့ဒ်က ပြင်သစ်အသင်းဖော်ဟောင်းတစ်နေ့မှာ ဘော်လွန်းဒီအော်ဆုရမယ်ဆိုတာကို ဘယ်တုန်းကမှစိတ်ကူးမယဉ်မိခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပြီးနောက် အဆိုပါဆုရရှိခဲ့တဲ့အဓိကအကြောင်းအရင်းကို ရှင်းပြလိုက်ပါတယ်။ ပီအက်စ်ဂျီစတား ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီတုန်းက သွင်းဂိုး ၃၅ ဂိုး နဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် တနင်္လာညတုန်းက ဘော်လွန်းဒီအော်ဆုရယူနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်