ရေအောက်အနက်(၁၆၃ ဒသမ ၃၈)ပေတွင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ကနေဒါဓာတ်ပုံဆရာနှင့်မော်ဒယ်

ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ကနေဒါဓာတ်ပုံဆရာနှင့်မော်ဒယ်

ဓာတ်ပုံဆရာတစ်ဦးနှင့် မော်ဒယ်တစ်ဦးတို့သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါကမ်းလွန် ရေအောက်အနက်(၁၆၃ ဒသမ ၃၈)ပေတွင် ဓာတ်ပုံရိုက်ခြင်းများကိုလုပ်ဆောင်ကာ ၎င်းတို့၏ကိုယ်ပိုင် ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့ကြောင်း သိရသည်။

အဆိုပါဓာတ်ပုံဆရာနှင့် မော်ဒယ်တို့သည် ရေငုပ်ကျွမ်းကျင်သူတစ်ဦး၏ အကူအညီနှင့်အတူ ရေအောက်တွင် ဓာတ်ပုံရိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ကနေဒါနိုင်ငံသားများဖြစ်ကြသော စတီဗင်ဟိုင်းနင်းနှင့် ဆီရာအန်တိုစကီတို့သည် အမေရိကန် ရေငုပ်နှင့်ဘေးကင်းရေးကျွမ်းကျင်သူ ဝိန်းဖရွိုင်းမန်း၏အကူအညီနှင့်အတူ ရေအောက်အနက်ဆုံးတွင် မော်ဒယ်ဓာတ်ပုံ ရိုက်ကူးမှု ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် (၂၀၂၁)ခုနှစ်တွင် ရေအောက်အနက်(၂၁)ပေ၌ ဓာတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် ရေအောက်အနက်ဆုံးတွင်မော်ဒယ်ဓာတ်ပုံရိုက်ကူးမှုအတွက် ဂင်းနစ်စံချိန်ကို ယခင်ကတင်ခဲ့ဖူးကြောင်းသိရသည်။

စတီဗင်ဟိုင်းနင်းနှင့် ဆီရာအန်တိုစကီတို့ သည် Boca Raton မြို့ ကမ်းလွန်ရှိ Hydro Atlantic သင်္ဘောပျက်တွင် ဓာတ်ပုံရိုက်ခြင်းဖြင့် ၎င်းတို့၏ကိုယ်ပိုင်ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်အတွက် ရေငုပ်ခြင်းဆိုင်ရာလေ့ကျင့်ခန်းများကို လပေါင်းများစွာကြာအောင်လေ့ကျင့်ခဲ့ရကြောင်း သိရသည်။

ထို့နောက် စီတီဗင်ဟိုင်းနင်းသည် ဆီရာအန်တိုစကီက ရေအောက်အနက်(၁၆၃ ဒသမ ၃၈)ပေတွင် မော်ဒယ်အဖြစ် ပို့စ်အမျိုးမျိုးပေးနေချိန်တွင် ဓာတ်ပုံများကို ရိုက်ကူးခဲ့ပြီးနောက် ၎င်းတို့၏ကိုယ်ပိုင်ဂင်းနစ် စံချိန်ကို ပြန်လည်ချိုးဖျက်ခဲ့ခြင်း ဖြစ်ပါသည်။

Source : diyphotography.net

One thought on “ရေအောက်အနက်(၁၆၃ ဒသမ ၃၈)ပေတွင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ကနေဒါဓာတ်ပုံဆရာနှင့်မော်ဒယ်

  1. I believe that is one of the most important information for me.
    And i’m glad reading your article. But wanna commentary on some common things, The site style is great, the articles
    is truly great : D. Good job, cheers

Leave a Reply

Your email address will not be published. Required fields are marked *