အင်တာမိုင်ယာမီအသင်းဖော်တစ်ဦးကို ထပ်မံကိုက်ခဲ့ပြန်တဲ့ လူးဝစ်ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်

အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး ဆွာရက်ဇ်တစ်ယောက် နောက်ကျနိုင်ပွဲမှာ အသင်းဖော် ဂျော်ဒီအယ်လ်ဘာကို ကိုက်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာ နဲ့ လီဗာပူးစတားဟောင်းဟာ ယခင်တုန်းကတည်းက ပြိုင်ဘက်ကစားသမားတွေကို ကိုက်တတ်တဲ့အဖြစ်အပျက်တွေ ရှိခဲ့တာဖြစ်ပါတယ်။

အခုလည်း အင်တာမိုင်ယာမီက အယ်လ်အေအက်ဖ်စီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းဖော် အယ်လ်ဘာကို ကိုက်ခဲ့တာနဲ့ပတ်သက်ပြီး သတင်းခေါင်းကြီးပိုင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဆွာရက်ဇ် နဲ့ အယ်လ်ဘာတို့ဟာ ဘာစီလိုနာမှာကတည်းက သူငယ်ချင်းကောင်းတွေဖြစ်ပြီး အခုတော့ အယ်လ်ဘာရဲ့လက်ချောင်းတွေကို ကိုက်ခဲ့တာဖြစ်ပါတယ်။

စပိန်သားအနေနဲ့ နာကျင်ခဲ့တာကြောင့် အာဆင်နယ်စတားဟောင်း ဂျီရော့ဒ်က ဆွဲထုတ်ခဲ့ရပါတယ်။ အင်တာမိုင်ယာမီက အဆိုပါပွဲမှာ ၃-၂ နဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ယခင်တုန်းက ပြိုင်ဘက်ကစားသမားတွေကိုကိုက်ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့တာဖြစ်ပြီး ၂၀၁၀ အေဂျက်မှာတုန်းက ပီအက်စ်ဗွီစတား ဘာကယ်ကို ကိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် ၇ ပွဲပယ်ခံခဲ့ရသလို ပရီးမီးယားလိဂ်မှာတုန်းကလည်း ချဲလ်ဆီးစတား အိုင်ဗန်နိုဗစ်ကိုကိုက်ခဲ့တာကြောင့် ၁၀ ပွဲပယ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် ၂၀၁၄ ကမ္ဘာ့ဖလားမှာလည်း အီတလီနောက်ခံလူ ချီရယ်လီနိကို ကိုက်ခဲ့တာကြောင့် ၄ လပွဲပယ်ခံခဲ့ရပါတယ်။ အခု အသင်းဖော် အယ်လ်ဘာကိုကိုက်ခဲ့တာကြောင့် စည်းကမ်းထိန်းသိမ်းရေးနဲ့ပတ်သက်လို့ အရေးယူခံရဖို့များနေပါတယ်။

ဆွာရက်ဇ်ဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ကလပ်အသင်းပွဲ ၈၄၉ ပွဲမှာ ၅၁၈ ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို နိုင်ငံအသင်းအတွက်တော့ ၆၉ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အသက် ၃၈ နှစ်သားဟာ လာလီဂါချန်ပီယံဆု ၅ ကြိမ် ၊ ချန်ပီယံလိဂ် ၊ ကိုပါဒယါရေး နဲ့ ၂၀၁၁ မှာ ကိုပါအမေရိကဖလားရယူထားနိုင်ခဲ့ပါတယ်။ ၂၀၂၄ မှာ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး ၄၉ ပွဲမှာ ၂၉ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

Source : dailymail.co.uk

Leave a Reply

Your email address will not be published. Required fields are marked *