K-pop အဖွဲ့ Seventeen ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Jun သည် တရုတ်ရာဇဝတ်မှု သည်းထိတ်ရင်ဖိုဇာတ်ကား The Shadow’s Edge တွင် သရုပ်ဆောင် ဂျက်ကီချန်း၊ Tony Leung Ka-fai တို့နှင့်အတူ ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။
နာမည်အရင်း Wen Junhui ဟုခေါ်သော K-pop ကြယ်ပွင့်သည် အဆိုပါရုပ်ရှင်တွင် ဗီလိန်အဖွဲ့ Yangdan ၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟူဖန်းဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ ထို့ပြင် Wen Junhui သည် ဂျက်ကီချန်းနှင့်အတူ တွဲရိုက်ထားသော ဓာတ်ပုံများအပါအဝင် ဓာတ်ပုံပေါင်းများစွာကို အင်စတာဂရမ်တွင် တင်ခဲ့ပါသည်။
The Shadow’s Edge ဇာတ်ကားသည် ယခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိလာမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားထားသည်။ အဆိုပါဇာတ်ကားသည် နာမည်ဆိုးဖြင့်ကျော်ကြားသော ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ၎င်းတို့ကိုလိုက်လံဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့တို့ကြား ပြိုင်ဆိုင်မှုများကို သရုပ်ဖော်ထားခြင်းဖြစ်သည်။
အဆိုပါဇာတ်ကားတွင် ဂျက်ကီချန်းသည် ဝါရင့်စုံထောက်တစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး Tony Leung Ka-fai က ဟူဖန်းဇာတ်ကောင်၏ မွေးစားအဖေအဖြစ် ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။
Wen Junhui သည် The Pye Dog (၂၀ဝ၇)၊ The Legend Is Born: Ip Man (၂၀၁၀) နှင့် Exclusive Fairy Tale (၂၀၂၃)ဇာတ်ကားတို့အပါအဝင် သရုပ်ဆောင်ပရောဂျက်များစွာတွင် ပါဝင်သရုပ်ဆောင်ထားသူဖြစ်သည်။
Source : variety.com