ဇနီးသည်ရဲ့ အဝတ်မပါတဲ့ဖက်ရှင်ကြောင့် ကန်နေးဝက် ဒေါ်လာ သန်း (၂၀)တန်စာချုပ် ဆုံးရှုံး

ကန်နေးဝက်နဲ့ ဇနီး ဘီယန်ကာ ဆန်ဆိုရီ

၂၀၂၅ ခုနှစ် ဂရမ်မီဆုပေးပွဲ ကော်ဇောနီထက်မှာ ဇနီးသည် ဘီယန်ကာ ဆန်ဆိုရီ ဝတ်ဆင်ခဲ့တဲ့ ကိုယ်လုံးတီးဖက်ရှင်ကြောင့် ကန်နေးဝက်ဟာ အမေရိကန်ဒေါ်လာ သန်း(၂၀) ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂ ရက်) က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မှာ ကျင်းပတဲ့ ဂရမ်မီဆုပေးပွဲမှာ အသက်(၄၇)နှစ်အရွယ် ရက်ပ်ပါ ကန်နေးဝက်နဲ့ ဇနီး ဘီယန်ကာ ဆန်ဆိုရီ တို့ရဲ့ စတန့်ထွင်တဲ့ ဖက်ရှင်ဟာ အခြားအခွင့်အရေးတွေအတွက် လမ်းပိတ်သွားစေတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဆိုပါတယ်။

ကန်နေးဝက်ဟာ လာမဲ့မေလမှာ ဂျပန်နိုင်ငံ၊ Tokyo Dome မှာ ရှိုးနှစ်ခုဖျော်ဖြေဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ ဂရမ်မီပွဲ ဖက်ရှင်ဟာ ပွဲစီစဉ်သူတွေကို စိတ်ပြောင်းလဲစေခဲ့ပါတယ်။

“ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး MeToo လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ နိုင်ငံပါ၊ ကန်နေးဝက်ကတော့ ဂရမ်မီဆုပေးပွဲမှာ ဇနီးသည်ကို အတင်းအကြပ် ထိန်းချုပ်နေတဲ့ပုံ ရှုမြင်ခံနေရပါတယ်၊ ဒါဟာ ဂျပန်ယဉ်ကျေးမှုအရ လုံးလုံးလျားလျား လွဲမှားနေတာပါ” လို့ ပွဲစီစဉ်တဲ့အတွင်းလူတစ်ယောက်က ဆိုပါတယ်။

ကန်နေးဝက်နဲ့ ဘီယန်ကာ ဆန်ဆိုရီ တို့ ဇနီးမောင်နှံဟာ ၂၀၂၂ ခုနှစ်က လက်ထပ်ခဲ့ကြတဲ့ နာမည်ကြီး စုံတွဲဖြစ်ပါတယ်။

Source : thesun.co.uk

Leave a Reply

Your email address will not be published. Required fields are marked *