ဆီမီးဖိုင်နယ်ကနေထွက်ခွာခဲ့ရပေမဲ့ ဘာစီလိုနာစတားတစ်ဦးကို ချီးကျူးလိုက်တဲ့ ဂယ်ရီနဗီးလ်

ယာမဲလ်

ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဘာစီလိုနာအသင်း ချန်ပီယံဆီမီးဖိုင်နယ်ကနေထွက်ခွာခဲ့ရပေမဲ့ လူငယ်စတားတစ်ဦးဖြစ်တဲ့ ယာမဲလ်ဟာ နှစ် ၅၀ အတွင်း အကောင်းဆုံးဆယ်ကျော်သက်ကစားသမားတစ်ဦးလို့ ချီးကျူးလိုက်ပါတယ်။

ယာမဲလ်ရဲ့ဘာစီလိုနာအသင်းဟာ ဆီမီးဖိုင်နယ်မှာ အင်တာမီလန်ကို အရေးနိမ့်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်သားက အသင်းအတွက် အများကြီးအကျိုးပြုခဲ့တာဖြစ်ပါတယ်။ ယာမဲလ်ဟာ ဒီရာသီချန်ပီယံလိဂ် ၁၃ ပွဲမှာ ၅ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး စပိန်အသင်းယူရိုချန်ပီယံဖြစ်ရာမှာလည်း အဓိကကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ်မှာတင် အခုလိုမျိုးစွမ်းဆောင်ပြထားနိုင်တာကြောင့် နဗီးလ်က ဆယ်စုနှစ်တဝက်လောက်မှာမှ တစ်ယောက်ပေါ်ထွန်းခဲ့တာလို့ မှတ်ချက်ပြုခဲ့ပါတယ်။ “ယာမဲလ်က ကျွန်တော်မြင်ဖူးခဲ့သမျှ နှစ်ပေါင်း ၃၀ ၊ ၄၀ ၊ ၅၀ အတွင်းမှာ အကောင်းဆုံးဆယ်ကျော်သက်ကစားသမားလေးပါ။ ပြီးခဲ့တဲ့နှစ်က စပိန်နဲ့အတူ ယူရိုချန်ပီယံဖြစ်ခဲ့သလို အသက် ၁၇ လောက်နဲ့ ပွဲ ၁၀၀ လောက်ပါဝင်ကစားထားခဲ့ပါပြီ။

သူ့အသက်အရွယ်နဲ့ အခုလိုမျိုးလုပ်ပြနေတာက တကယ်မယုံကြည်နိုင်စရာပါ။ ၁၆ နှစ်မှာတင် ယူရိုချန်ပီယံဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၃၀ ၊ ၄၀ လောက်မှာ ဘယ်သူမှ သူ့လောက်လုပ်နိုင်မယ်လို့ မမြင်မိခဲ့ပါဘူး”လို့ နဗီးလ်က ချီးကျူးပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ အခုအပတ်မှာ ရီးရဲလ်အသင်းနဲ့ အယ်လ်ကလက်ဆီကိုပွဲကန်ရမျာဖြစ်ပြီး နိုင်ပွဲရခဲ့မယ်ဆိုရင် ၇ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *