(၈)နှစ်အတွင်း ပထမဆုံးအကြိမ် ပရိသတ်တွေ့ဆုံပွဲလုပ်မည့် လီမင်ဟို

လီမင်ဟို

တောင်ကိုရီးယားနာမည်ကျော်ရုပ်ရှင် သရုပ်ဆောင် လီမင်ဟိုသည် အာရှဒေသရှိ ၎င်း၏ပရိသတ်များနှင့် အချိန်(၈)နှစ်အတွင်း ပထမဆုံး အကြိမ် တွေ့ဆုံမှုပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

ဇန်နဝါရီလ(၁၄)ရက်တွင် လီမင်ဟို၏အဖွဲ့ သည် ၎င်း၏ လာမည့်အာရှပရိသတ်တွေ့ဆုံပွဲခရီးစဉ် “MINHOVERSE”အတွက် အဓိကပိုစတာ ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖျော်ဖြေပွဲခရီးစဉ်ကို ဆိုးလ်မြို့ရှိ အိုလံပစ်ခန်းမတွင် လာမည့်မတ်လ၌စတင်ကျင်းပသွားမည်ဖြစ်ပြီး ဆိုးလ်မြို့ပွဲအပြီးတွင် လီမင်ဟိုသည် မတ်လတွင် ဘန်ကောက်နှင့် မကာအို မြို့၊ ဧပြီလတွင် တိုင်ပေ၊ ဂျာကာတာနှင့် မနီလာမြို့၊ မေလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့တို့အပါအဝင် အာရှတစ်ဝန်းရှိ အဓိကမြို့ကြီး(၇)မြို့သို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရသည်။

MINHOVERSE” ခေါင်းစဉ် တပ်ထားသော ပရိသတ်တွေ့ဆုံပွဲသည် လီမင်ဟို၏ကမ္ဘာကြီးနှင့် စကြာဝဠာကိုပေါင်းစပ်ထားသည့် သဘောမျိုးဖြစ်ကြောင်းသိရသည်။

လီမင်ဟို၏ကိုယ်စားလှယ်တစ်ဦးက “ဒီပွဲက လီမင်ဟိုကို ချစ်တဲ့ ပရိသတ်တွေကို သူ့ရဲ့စကြဝဠာကို ဖန်တီးဖို့အတွက် အတူတကွလာရောက်ကြဖို့ သတင်းစကားတစ်ခုကို ပေးပို့တာမျိုးဖြစ်ပါတယ်။ ဒီထူးခြားတဲ့ နေရာအတွင်း မှာ ပရိသတ်တွေကိုမမေ့နိုင်တဲ့ အတွေ့အကြုံတွေ ပေးသွားဖို့ ရည်ရွယ်ထားပါတယ်”ဟု ပြောဆိုခဲ့သည်။

Source : allkpop.com

Leave a Reply

Your email address will not be published. Required fields are marked *