မက်ဆီ နဲ့ ဘာပေတို့ကို ခိုင်းနှိုင်းနေတာဟာ အဓိပ္ပါယ်မရှိဘူးလို့ လိုရစ် ထုတ်ဖော်ပြောကြား

မက်ဆီ နဲ့ ဘာပေ xda77

ပြင်သစ်အသင်းဂိုးသမားဟောင်း လိုရစ်က မက်ဆီ နဲ့ ဘာပေတို့ကို ခိုင်းနှိုင်းနေတာဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ လိုရစ်က မက်ဆီဟာ ပြိုင်ဘက်ကင်းတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်သလို ၂၀၂၂ တုန်းက ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာပေဟာ ၂၀၁၈ တုန်းက ကမ္ဘာ့ဖလားရယူနိုင်မှုနဲ့အတူ နာမည်ကျော်လာခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာပေဟာ လက်ရှိမှာလည်း ရီးရဲလ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပွဲဦးထွက်ရာသီမှာ ၃၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

ဘာပေ နဲ့ မက်ဆီတို့ကို တူညီတဲ့အရည်အချင်းရှိတယ်ဆိုတဲ့ ခိုင်းနှိုင်းမှုအပေါ် လိုရစ်က “မက်ဆီ နဲ့ ဘာပေက အတူတူလို့ဆိုလိုချင်တာလား?။ နိုးပါ။ မက်ဆီက ပြိုင်ဘက်ကင်းတဲ့ကစားသမားဖြစ်သလို သူ့လိုဂန္ထဝင်မျိုးကို ဘယ်သူနဲ့မှ မခိုင်းနှိုင်းသင့်ပါဘူး။ ကျွန်တော် မက်ဆီမပါဝင်တဲ့အာဂျင်တီးနားကို လာမဲ့ကမ္ဘာ့ဖလားမှာ မမြင်ချင်ပါဘူး။ မက်ဆီလည်း ပါဝင်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဆက်ကစားချင်စသလို ဘောလုံးကစားတာကို နှစ်သက်ပါတယ်။

မက်ဆီ

အဲ့တာက သူ့ရဲ့ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ သူဆက်ကစားချင်တာ သေချာပါတယ်။ ကျွန်တော် မက်ဆီကို အားကျမိတာအများကြီးပါ။ ကျွန်တော့်အတွက် သူက အကောင်းဆုံးကစားသမားတွေထဲမှာ ထိပ်ဆုံးနေရာမှာရှိပါတယ်။ ကျွန်တော်က သူ့ကိုကြည့်ရင်းကြီးပြင်းလာတဲ့ မျိုးဆက်ဖြစ်သလို သူနဲ့လည်း ရင်ဆိုင်ရတဲ့မျိုးဆက်ပါ။ မေဂျာလိဂ်က တစ်နှစ်ပြီးတစ်နှစ်တိုးတက်လာပါတယ်။ ပိုပြီးလည်း ကောင်းမွန်လာပါတယ်။

ယေဘုယျအားဖြင့် မက်ဆီ အင်တာမိုင်ယာမီကိုရောက်ကတည်းက လိဂ်က ကမ္ဘာသိလာပါတယ်။ အဲ့တာက တကယ်ကောင်းတဲ့ပုံရိပ်ပါ။ ပြီးတော့ အခုဆို မေဂျာလိဂ်မှာ အရင်ကထက်ပိုပြီး ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားလာကြပါတယ်။ ဘာလို့လဲဆိုတော့ မက်ဆီအပြင် ဆွာရက်ဇ်အယ်လ်ဘာ နဲ့ အခြားနာမည်ကျော်တွေရောက်လာတာကြောင့်ပါ။ အခြားတစ်ဖက်မှာလည်း ကျွန်တော်မသိတဲ့ကစားသမားအများအပြား အဲ့မှာရှိနေပါတယ်။

သူတို့က အရမ်းကောင်းကြသလို အရည်အချင်းလည်းရှိကြပါတယ်။ သေချာတာက အနာဂတ်မှာ သူတို့ ဥရောပကို လာကစားနိုင်ပါလိမ့်မယ်။ ဒါ့က ကျွန်တော့်အတွက် အရမ်းကောင်းတဲ့အတွေ့အကြုံပါ”လို့ လိုရစ်က ပြောကြားခဲ့ပါတယ်။
လိုရစ်ဟာ LAFC အသင်းနဲ့အတူ လာမဲ့ကွန်ကာကက်ဖ်ကွာတားဖိုင်နယ် ပထမအကျော့မှာ မက်ဆီနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *