ရုပ်ရှင်မင်းသမီး မားဂေါ့ရော်ဘီ ဟာ ခင်ပွန်းဖြစ်သူ တွမ်အက်ကာလေနဲ့အတူ ပထမဆုံး ရင်သွေးလေးကို မွေးဖွားခဲ့ပြီဖြစ်တယ်လို့ အမေရိကန်ဖျော်ဖြေရေးသတင်းဌာန People ရဲ့အဆိုအရ သိရပါတယ်။
သားဦးလေးကို ပြီးခဲ့တဲ့သီတင်းပတ် နှစ်ပတ်တည်းက မွေးဖွားခဲ့တာဖြစ်ပေမဲ့ ရော်ဘီနဲ့ အက်ကာလေတို့ စုံတွဲဟာ ရင်သွေးနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေကြတာကြောင့် နိုဝင်ဘာ ၃ ရက်မှသာ သတင်းရရှိခဲ့တာဖြစ်ပါတယ်။ ကလေးရဲ့အမည်ကိုလည်း မသိရသေးပါဘူး။

အဆိုပါသတင်းကို ရော်ဘီတို့ စုံတွဲရဲ့သူငယ်ချင်းတွေနဲ့မိသားစုတွေကလည်း အတူတကွ နှုတ်ဆိတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ရော်ဘီနဲ့ အက်ကာလေဟာ ၂၀၁၃ ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့စုံတွဲဖြစ်ပြီး ၁၁ နှစ်ကြာ လက်တွဲခဲ့ပြီးမှ သားဦးရင်သွေးကို ရရှိခဲ့တာဖြစ်ပါတယ်။
ရော်ဘီဟာ “Barbie” “Suicide Squad ” “Joker and Harley” “The wolf of wallstreet” ဇာတ်ကားတွေမှာ သူ့ရဲ့ ဇာတ်ကောင်နဲ့အတူ လူသိများပါတယ်။
Source : standard.co.uk
#xda77 #xda77digital #မားဂေါ့ရော်ဘီ #သားဦးမွေးဖွား #ရုပ်ရှင်မင်းသမီး