Metaverse Entertainment ရဲ့ virtual human department အကြီးအကဲ ကင်ကီဒေါ့ခ် က virtual K Pop girl group တွေနဲ့ virtual influencer တွေရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်အများစုဟာ 3D နည်းပညာပေါ်မှာသာ မှီခိုနေတာဖြစ်ပြီး ဉာဏ်ရည်တု (AI) မဟုတ်ဘူးလို့ ပြောပါတယ်။
Metaverse Entertainment မှာ virtual creation တွေကို Facer စနစ်နဲ့ စတင်ပြီး မျက်နှာအမူအရာတွေကို အသေးစိတ် ဖမ်းယူကာ ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီနောက် Metaverse Entertainment ရဲ့ ခန္ဓာကိုယ်စကင်နာ၊ အလင်းပြန်စနစ် ၁၇၆ ခု၊ ပိုလာ source တွေနဲ့ နည်းပညာမြင့် မီးစနစ်တို့ကို အသုံးပြုပြီး ဖန်တီးထားပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့မှသာ လူနဲ့တူတဲ့ virtual ကာရိုက်တာတွေကို စကင်န်ဖတ်နိုင်မှာဖြစ်ပါတယ်။
မော်ဒယ်လ်ရဲ့နောက်ဆုံး 3D သရုပ်ဖော်နဲ့ လက်တွေ့ကျတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုလည်း Metaverse Entertainment ရဲ့ VFX စတူဒီယိုမှာ လုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။ Metaverse Entertainment ရဲ့ virtual human department အကြီးအကဲ ကင်ကီဒေါ့ခ်က “ကျွန်တော်တို့ AI ကို အစပိုင်းကတော့ အသုံးပြုခဲ့ကြတယ်။ ဒါပေမဲ့ အဆင်မပြေမှုတွေကြောင့် အခု 3D နည်းပညာကိုပဲ ပိုအားကိုးလာပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
တောင်ကိုရီးယား Virtual K Pop group ဖြစ်တဲ့ “Mave” အဖွဲ့ရဲ့ပွဲဦးထွက် သီချင်း “Pandora” ဟာ YouTube မှာ ကြည့်ရှုသူ သန်း ၃၀ ကျော်ရှိနေပြီး Plave မှာ လက်ရှိ တစ်နှစ်တာ အရောင်းရဆုံး အယ်လ်ဘမ်တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ တောင်ကိုရီးယားမှာ နောက်ပိုင်း K Pop တွေမှာ virtual idol တွေနဲ့မိတ်ဆက်ပေးလာတာ ခပ်စိတ်စိတ် တွေ့လာရပါတယ်။
Source : cnalifestyle.channelnewsasia.com
#MetaverseEntertainment #ဗာချွယ်ဟာမန် #KPop #3Dနည်းပညာ #AI #Facerစနစ် #ဒစ်ဂျစ်တယ်ဖျော်ဖြေရေး #ဖန်တီးမှု