ဗင်နီဇွဲလားနိုင်ငံက ထူးခြားတဲ့အမြင့်ဆုံးတောင် Roraima

ဗင်နီဇွဲလားနိုင်ငံက ထူးခြားတဲ့အမြင့်ဆုံးတောင် Roraima

ဗင်နီဇွဲလားနိုင်ငံက ထူးခြားတဲ့အမြင့်ဆုံးတောင် Roraima

ဗင်နီဇွဲလားနိုင်ငံဟာ ထူးခြားတဲ့သဘာဝရှုခင်းတွေ သဘာဝတရားအလှတွေရှိတာကြောင့် နာမည်ကြီးပါတယ်။ အခုလိုသဘာဝတရားအလှတွေထဲမှာ Roraima တောင်ဟာလည်း အထူးခြားဆုံးနှင့် အမြင့်ဆုံးဆိုတဲ့ဂုဏ်ပုဒ်တွေနှင့်အတူ ပါဝင်နေပါတယ်။ တောင်ရဲ့ပုံပန်းသွင်ပြင် ကိုယ်တိုင်က တစ်ခြားတောင်တွေလိုမျိုး ထိပ်မှာစုချွန်သွားတာမျိုးမရှိဘဲ အပြားလိုက်ဖြစ်နေတာ ဖြစ်ပါတယ်။

တရုတ်ဇာတ်လမ်းတွေထဲကလိုမျိုး ထူးခြားတဲ့ပုံပန်းသွင်ပြင်ရှိတဲ့အပြင် တောင်ပေါ်မှာလည်း သေချာမလေ့လာရသေးတဲ့အပင်နှင့် တိရစ္ဆာန်တွေရှိနေနိုင်တယ်လို့သိရပါတယ်။ ဒီတောင်ဟာ Pakaraima နယ်မြေထဲမှာ အမြင့်ဆုံးအဖြစ်သတ်မှတ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ ဗင်နီဇွဲ လားရဲ့အမြင့်ဆုံးနေရာအဖြစ်ပါသတ်မှတ်ထားတာကြောင့် စွန့်စားသွားလာသူတွေအတော်လေး စိတ်ဝင်တစားရှိကြတဲ့နေရာဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံက ထူးခြားတဲ့အမြင့်ဆုံးတောင် Roraima xda77

တောင်ရဲ့အမြင့်ဆုံးနေရာကို Laberintos del Norte လို့ခေါ် ပြီးတော့ ခရီးသွားနှင့်တောင် တက်ဝါသနာပါသူတွေအတော်လေးသဘောကျကြတဲ့နေရာဖြစ်ပါတယ်။ ဒီတောင်ကိုသွားပြီး လည်ပတ်ချင်တယ်ဆိုရင်တော့ မိုးလေကင်းပြီးသာယာတဲ့ ဒီဇင်ဘာလကနေပြီး ဧပရယ်လ အတွင်းမှာသွားနိုင်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံက ထူးခြားတဲ့အမြင့်ဆုံးတောင် Roraima xda77

Source: reddit.com

xda77 #xda77digital #Roraima #ဗင်နီဇွဲလား

Leave a Reply

Your email address will not be published. Required fields are marked *