ဆန်းတို့စ်စတား နေမာတစ်ယောက် နောက်ထပ်ဒဏ်ရာထပ်မံရရှိခဲ့ပြီး လာမဲ့ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့အတွက် ခက်ခဲဖွယ်ရှိနေပါတယ်။
ဘရာဇီးသားဟာ စက်တင်ဘာတုန်းက အန်ဆယ်လော့တီရဲ့လူစာရင်းမှာ မပါဝင်ခဲ့ပဲ အခုလည်း နောက်ထပ်ဒဏ်ရာထပ်မံရရှိခဲ့ပြန်တာဖြစ်ပါတယ်။ ဆန်းတို့စ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေရင်း နေမာတစ်ယောက် ဒဏ်ရာရခဲ့တာဖြစ်ပြီး ညာဘက်ကြွက်သားဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
လက်ရှိအချိန်မှာ နေမာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်နေပြီး ဆန်းတို့စ်အသင်းဆေးအဖွဲ့အောက်မှာ ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ သောကြာနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ ဆန်းတို့စ်က “နေမာတစ်ယောက် အသင်းနဲ့လေ့ကျင့်ခန်းဆင်းရင်း ညာဘက်ကြွက်သားဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ညာဘက်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာပါ။ နေမာအနေနဲ့ လက်ရှိဆေးအဖွဲ့အောက်မှာ ကုသမှုတွေစတင်နေပြီဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ဘရာဇီးအခြေစိုက် ယူအိုအယ်လ်သတင်းထောက် လူးကပ်စ်ကလည်း ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီစတားဟောင်းဟာ ၁ လလောက်နားရနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါအခြေအနေကြောင့် နေမာအနေနဲ့ လာမဲ့ဘရာဇီးအသင်းရဲ့ခြေစမ်းပွဲတွေဖြစ်တဲ့ ဂျပန် ၊ တောင်ကိုရီးယားတို့နဲ့ပွဲတွေကို လွဲချော်ဖွယ်ရှိနေပါတယ်။
ဒဏ်ရာတွေနဲ့နပန်းလုံးနေရတာကြောင့် နေမာရဲ့လာမဲ့ကမ္ဘာ့ဖလားအိပ်မက်က မသေချာတဲ့အနေအထားဖြစ်လာပါတယ်။ အန်ဆယ်လော့တီကလည်း အသက် ၃၃ နှစ်သားအနေနဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်နိုင်ဖို့ သတိပေးစကားတွေပြောကြားထားပါတယ်။
Source : goal.com